ထိုင်းအသင်း၏နည်းဗျူဟာအားလေ့လာခြင်း

ဒီနေ့နေ့လည်မြန်မာအသင်းနဲထိုင်းအသေအကြေ

ရှင်ပြိုင်ကြမည့်ဆီးမီးပွဲရှိပါတယ်။မြန်မာတို့ရဲကာလရှည်

မက်ခဲ့ရသောရွှေရောင်အိမ်မက်အတွက်ထိုင်းအသင်း

သည်ဆူးခင်းသောလမ်းဖြစ်မည်မှာသေချာပါတယ်။

ဆူးခင်းသောလမ်းကိုဘယ်လိုဖြတ်ကျော်ကြမလဲ။

ပထမဦးစွာထိုင်းအသင်းရဲ့နည်းစနစ်

များကို့လေ့လာရန်လိုလာပါတော့တယ်။

ထိုင်းနည်းပြဝိုရာဝတ်သည်ဆီးဂိမ်းပြိုင်ပွဲဝင်

ထိုင်းအသင်းနည်းပြတွေထဲအတော်ဝေဖန်ခဲ့ရတဲ့

နည်းပြဖြစ်ပါတယ်။အင်ဒိုကိုသရေကျ၊တီမောကိုအသည်း

အသန်ကစားပြီးကပ်နိုင်တော့ထိုင်းတစ်နိုင်ငံလုံး

သူ့ကိုဝေဖန်လိုက်ကြသည်မှာရစရာမရှိ။

သို့သော်နောက်ဆုံးမှာရွှေဘပြန်လာခဲ့ပြီး

အာဆီယံဟဲဗီးဝိတ်ဗီယက်နမ်ကိုအလဲထိုးကာ

ဆီမီးကိုတက်လာခဲ့တယ်။သူတို့တွေ့မှာက

အရှေ့တောင်အာရှဒါဘီမြန်မာအသင်း။

ထိုင်းအသင်းကစားကွက်ကပြောရရင်

တော်တော်ရိုးတယ်လို့ပြောရပါမယ်။

ဝိုရာဝတ်အနေနဲ့ဂန္တဝင်မြောက် 4-4-2ကို

သုံးပြီးLong Ballsတွေနဲ့ Direct Football

ကစားရတာကြိုက်ပုံပေါ်ပါတယ်။သို့သော်

သူ့အသင်းက4-4-2နဲ့အလုပ်မဖြစ်။အင်ဒို၊တီမောတို့ပွဲတွေပြီး

တဲ့နောက်4-2-3-1ပြောင်းဆော့ပြန်ပါတယ်။ဒီကစား

ကွက်နဲ့တော့အံဝင်ခွင်ကျဖြစ်သွားပြီးကမ္ဘောဒီးယား၊ဗီယက်နမ်၊ဖိလစ်ပိုင်တို့ကို

လှလှပပအနိုင်ယူပြခဲ့ပါတယ်။အသင်းနည်းစနစ်

ပြောင်းသွားပေမယ့်မပြောင်းလဲသောအရာတစ်ခု

ကွင်းလယ်လူဝိုရာချစ်ဖြစ်ပါတယ်။သူ့နေရာမှာ

တစ်ခါတစ်ရံသာနာဝတ်ဝင်ကစားပေမယ့်

ထိုင်းကစားကွက်ကပါရမီရှင်ကစားသမား

ဝိုရာချစ်ကိုတည်ထားခြင်းဖြစ်ပါတယ်။နောက်တန်းမှာကစား

တဲ့ဆူရိယဆီကတိုက်စစ်စတင်လေ့ရှိပြီး နောက်တန်းလေး

ယောက်ရဲ့ရှေ့မှာရပ်သာနာကွန်းနဲ့နော့ဖွန်းတို့က

အဖျက်သက်သက်ကစားတတ်ကြပါတယ်။သူတို့နှစ်ယောက်ရဲ့

ရှေ့သုံးယောက်တန်းနေရာမှာပတ္တယားယူနိုက်တက်ရဲ့

ကြယ်ပွင့်ကစားသမားပီချာအူချာ၊ဝိုရာချစ်နဲ့ဆာဆာလက် ကစားတတ်ပါတယ်။ရှေ့တန်းမှာတော့ ချန်းရော့ ၊ဘူရမ်၊စီတာချော့စတဲ့တိုက်စစ်မှူးသုံးယောက်ထဲကတစ်ယောက်ဆော့ပြီးTarget Man ပုံစံကစားပါတယ်။ထိုင်းside back တွေဟာအရှင်ဖြစ်ပြီးဆူရိယတက်လာရင်တောင်ပံကဆာဆာလက်ပြန်ဆင်းသွားတတ်ပါတယ်။ဆာဆာလက်ဟာ

ဖြတ်တင်ဘောကန်ရာမှာတိကျသူုဖြစ်ပြီးပီချာအူချာကတော့

နေရာလွတ်ရှာဖွေရာမှာထူးချွန်သူပါ။ဒါပေမယ့်ထိုင်း

အသင်းအတွက်အရေးကြီးတဲ့ဘောလုံးတွေဟာ

ဝိုရာချစ်ဆီကပဲလာတာများပါတယ်။သူ့ကိုချုပ်နိုင်ရင်တော့

ထိုင်းကစားကွက်သေသွားတတ်ပါတယ်။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။