ပရီးမီးယားလိဂ် ပွဲစဉ် ၃ အဖြစ် မန်ယူအသင်းဟာ အိမ်ကွင်းမှာ လက်စတယအသင်းကို ဧည့်ခံကစားခဲ့ပြီး ၂ ဂိုး ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။ထိုနိုင်ပွဲကြောင့်မန်ယူအသင်းဟာ ပရီးမီးယားလိဂ်သုံးပွဲဆက်အနိုင်ရခဲ့တာဖြစ်ပြီး လက်ရှိမှာ ပေးဂိုးလည်းမပေးရသေးတဲ့အသင်းအဖြစ်ရပ်တည်နေတာလည်းဖြစ်ပါတယ်။ဂိုးမြူးနေတဲ့လူကာကူကတော့ ဒီနေ့ပွဲမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။ပယ်နယ်တီကန်သွင်းမှုကိုလည်း လက်စတာဂိုးသမားရှမိုက်ကယ် ပုတ်ထုတ်နိုင်ခဲ့တာကြောင့် ဂိုးကံခေခဲ့ရပါတယ်။

မန်ယူအသင်းဟာ ရက်ဖိုစ့်ကိုအနားပေးခဲ့ပြီး မာရှယ်၊ လူကာကူ ၊မာတာ တို့တိုက်စစ်အတွဲကိုပွဲထုတ်လာခဲ့တာလည်းဖြစ်ပါတယ်။ကွင်းလယ်မှာတော့ ပေါ့ဘာ ၊မာတစ်၊ အမ်ခီတာယန် တို့နဲ့ ပွဲထွက်လာခဲ့တာလည်းဖြစ်ပါတယ်။လက်စတာအသင်းကတော့ကောင်တာကိုအသုံးပြုကစားခဲ့ပြီး မြန်နူန်းမြင့်ကစားသမားတွေဖြစ်တဲ့ ဗာဒီ၊ မာရက် ၊ ဂရေး၊တို့ကို ပွဲထုတ်လာခဲ့တာလည်းဖြစ်ပါတယ်။နှစ်ဖက်ဂိုးသမားတွေကောင်းမွန်ခဲ့တာကြောင့် ဂိုးတွေ အပြန်အလှန်မတွေ့မြင်ခဲ့ရတာလည်းဖြစ်ပါတယ်။

မန်ယူအသင်းရဲ့အဖွင့်ဂိုးကို မာရှယ်အစားလူစားဝင်လာတဲ့ ရက်ဖို့စ်က ထောင့်ကန်ဘောက ပေးလိုက်တဲ့ဘောလုံးကို ပိတ်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းရဲ့နောက်ဆုံးဂိုးကိုတော့ လင်ဂတ်က နှစ်ယောက်ကြားထဲကနေကန်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။မန်ယူအသင်းဟာ သုံးပွဲကန် သုံးပွဲနိုင် ရလဒ် ၉ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာဆက်လက်ဦးဆောင်နေတာလည်းဖြစ်ပါတယ်။

Source - Man U

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။