လာလီဂါ ပွဲစဉ် ၂ အဖြစ်မနေ့ကယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကို အသင်းတို့ဟာအဝေးကွင်းမှာအနိုင် ၃ မှတ်ရယူနိုင်ခဲ့ကြပါတယ်။ဘာစီလိုနာအသင်းဟာ အဝေးကွင်းမှာအလာဗတ်အသင်းနဲ့ကစားခဲ့ပြီး ၂ဂိုး ဝဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။အက်သလက်တီကိုအသင်းကတော့ အဝေးကွင်းမှာ လက်ပါးမားစ်အသင်းနဲ့ကစားခဲ့ပြီး ၁ ဂိုး ၅ ဂိုး ရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူကာ လာလီဂါနိုင်ပွဲရရှိခဲ့တာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းဟာ လာလီဂါအဖွင့်ပွဲမှာ သရေရလဒ်ပဲ ရရှိခဲ့တာပဲရှိပါတယ်။

ဘာစီလိုနာအသင်းဟာ ဆွာရက်မပါဝင်နိုင်သေးတာကြောင့် ဒယ်လူဖူ  ၊မက်ဆီ ၊ရာကီတစ်၊အင်နီယေစတာ စတဲ့ကစားသမားတွေနဲ့ ပွဲထွက်ခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်း မှာ ဘာစီလိုနာအသင်း ပယ်နယ်တီရရှိခဲ့ပေမဲ့ မက်ဆီ ကန်သွင်းချက်ကို အလာဗက် ဂိုးသမား ပုတ်ထုတ်လိုက်နိုင်ခဲ့ပါတယ်။ဒါ့ကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ဒုတိယပိုင်း ပြန်စလို့သိပ်မကြာခင်မှာပဲ ဒယ်လူဖူဖန်တီးပေးလိုက်တဲ့ဂိုးကို မက်ဆီက ကန်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းအတွက် အနိုင်သေချာမဲ့ဂိုးကိုတော့ မက်ဆီကပဲသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းဟာ အဖွင့်ပွဲမှာသရေရလဒ် ရရှိခဲ့တာကြောင့် ဒီနေ့ပွဲမှာအနိုင်ရရှိအောင် အားထည့်ကစားခဲ့တာကိုလည်း တွေ့ရပါတယ်။ဂရက်စမန်း မပါဝင်နိုင်ခဲ့ပေမဲ့ ဗီရက်တိုနဲ့ ကော်ရီယာ ကို တိုက်စစ်မှာထားကစားခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်း ၁၀မိနစ် မပြည့်ခင်မှာပဲ အက်သလက်တီကို အသင်းဟာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းပြန်စလို့ မိနစ် ၅၀ ကျော်မှာ လက်ပါးမားစ် အသင်းဟာ ချေပဂိုး တစ်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ အက်သလက်တီကို အသင်းဟာ နောက် သုံးဂိုး ထည့်ခဲ့တာကြောင့် ဂိုးပြတ် ခဲ့ရတာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းအတွက်ဂိုးတွေကိုတော့ ကာရက်စကို ၊ကော်ရီယာ၊ကိုကီ က ၂ ဂိုးနဲံ သောမက်က နောက်ဆုံးဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်

Source - Laliga 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။