မြန်မာတို့ထိုင်းကိုနိုင်ပြီ


မနေ့ကမြန်မာယူ-22ထိုင်းကိုရှုံးခဲ့ပါတယ်။

ဒီနေ့တော့ကျွန်တော်တို့ရဲ့မြန်မာယူ-18ကထိုင်း

ကိုပြန်အနိုင်ယူခဲ့ပါပြီ။ထိုင်းအသင်းတွေကို

သူ့မြေသူ့ရေမှာမြန်မာအသင်းတွေအနိုင်မယူ

နိုင်ခဲ့တာကြာပါပြီ။နည်းပြကြီးဘန်လာဘီရဲ့

ကောင်လေးတွေကတော့ထိုင်းအသင်းကို

နှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ယူပြခဲ့ပါပြီ။

လွင်မိုးအောင်၊စိုးမိုးကျော်တို့ရဲ့ဂိုးတွေနဲ့အတူ

ထိုင်းနိုင်ငံဆမတ်ပရာကန်ဒေသမှာကျင်းပတဲ့

ခြေစမ်းပွဲမှာမြန်မာလူငယ်တွေကအနိုင်ရခဲ့တာပါ။

ဘန်လာဘီရဲ့ကောင်လေးတွေဟာ အင်တာမီလန်ကို

ခြေရည်တူကစားခဲ့တဲ့အသင်းဖြစ်ပြီး

သူတို့ဟာမြန်မာပရိသတ်ကြီးရဲ့ဒုတိယမြောက်

မျှော်လင့်ချက်ပါ။သူတို့အသင်းကိုအောင်သူတို်လိုပဲ

ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့မျှော်လင့်ချက်အကြီးကြီး

ထားနေကြပါတယ်။


မြန်မာယူ-18ဟာ ခြေစွမ်းထက်မြက်ပြီးတစ်ချိန်လုံး

တိုက်စစ်ဆင်နေတတ်တဲ့အသင်းပါ။ဘယ်လောက်သာတဲ့

ပြိုင်ဘက်နဲ့တွေပါစေတိုက်စစ်ဖွင့်ကစားတတ်တဲ့

မြန်မာအသင်းတွေရဲ့သက်တမ်းတလျှောက်တွေ့ရခဲတဲ့ဘောလုံးမျိုးဆက်တစ်ခုပါပဲ။သူတို့ဟာထိုင်းနိုင်ငံနွန်ချော့ဒေသက နေရှင်နယ်ဘောလုံးစင်တာမှာလေ့ကျင့်နေကြပါတယ်။ရန်ကုန်မြို့မှာအိမ်ရှင်လုပ်မယ့်AFFပြိုင်ပွဲအတွက်

သူတို့အကောင်းဆုံးပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။

 ကျွန်တော်တို့ ဒီအသင်းလေးကို

မျှော်လင့်ချက်အကြီးကြီးထားပါရစေလားခင်ဗျာ။


Photo-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။