လိဂ်ဂူးပွဲစဉ် ၄ဖြစ်တဲ့မိုနာကိုအသင်းဟာ မာဆေးလ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ပါတယ်။မိုနာကိုအသင်းဟာအိမ်ကွင်းမှာမာဆေးလ်အသင်းကို ဧည့်ခံကစားခဲ့ပြီး ၆ ဂို ၁ ဂိုးနဲ့ အိမ်ရှင်အသင်းဟာ ဂိုးမိုးရွာပြီးအနိုင်ရလဒ်ကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။မိုနာကိုအသင်းဟာ လိဂ်ဂူးပွဲလေးပွဲဆက်အနိုင်ရရှိခဲ့တာဖြစ်ပြီး PSG အသင်းနဲ့အမှတ်တူ အဆင့် ၂ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။မိုနာကိုအသင်းဟာ PSG အသင်းနဲ့ရဂိုးတူညီနေခဲ့တာဖြစ်ပါတယ်။

မိုနာကိုအသင်းဟာ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ဖယ်ကာအို၊ သောမက်လီမာ၊ မော်တင်ဟို၊ ဖာဘင်ဟို နဲ့ဒိုင်ဟာဘီ တို့ကိုပွဲထွက်ကစားစေခဲ့တာလည်းဖြစ်ပါတယ်။မာဆေးလ်အသင်းဟာ ဂျာမိန်း၊ အမာဗစ်၊ သာအူဗင် ၊ဂူစတာဗိုတို့ကို ပွဲထွက်လူစာရင်းမှာအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မာဆေးလ်အသင်းဟာ အနည်းငယ်ဘောလုံးပိုင်ဆိုင်မှုအသာရရှိခဲ့ပေမဲ့ မိုနာကိုအသင်းက အခွင့်ရေးတွေကို အပိုင်သုံးချနိုင်ခဲ့တာကြောင့် ခုလိုဂိုးပြတ်ရလဒ်ထွက်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ပွဲစလို့ပထမပိုင်း ၂ မိနစ်မှာပဲ ဂလစ်က အဖွင့်ဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

မိနစ် ၂၀မှာတော့ ပယ်နယ်တီကတဆင့် ဖယ်ကာအိုကသွင်းယူပေးခဲ့တာဖြစ်ပြီး ၃၄ မိနစ်မှာလည်း ဖယ်ကာအိုကပဲ ထပ်မံသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။၄၅ မိနစ်မှာတော့ ဒိုင်ဟတ်ဘီက မိုနာကိုအသင်းအတွက်ထပ်မံသွင်းယူပေးခဲ့ပါတယ်။ဒုတိယပိုင်းပြန်စလို့ ၆၈ မိနစ်မှာပဲ ဆီဒီဘီ ကသွင်းယူပေးခဲ့တာဖြစ်ပြီး ၈၇ မိနစ်မှာတော့ ပယ်နယ်တီကတဆင့် ဖာဘင်ဟိုက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မာဆေးလ်အသင်းရဲ့တစ်လုံးတည်းသောချေပဂိုးကိုတော့ ၇၅ မိနစ်မှာ ကာဘယ်လာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

Source - Monaco FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။