မြန်မာနဲ့ထိုင်းပွဲကြည့်ရင်းစိတ်ထိခိုက်ပြီးကွယ်လွန်သူသွားခဲ့သူ

မြန်မာအသင်းထိုင်းကိုရှုံးနိမ့်ခဲ့မှုဟာ

တစ်တိုင်းပြည်လုံးကိုပူဆွေးစေခဲ့ပါတယ်။

ငိုကြွေးမှုမျက်ရည်များနဲ့တစ်တိုင်းပြည်လုံး

ရင်ကွဲပက်လက်ပါပဲ။အဲ့ဒီထက်ပိုပြီး

ဝမ်းနည်းဖို့ကောင်းတာကမြန်မာပွဲ

ကြည့်ရင်းသေဆုံးခဲ့ရရှာတဲ့အငြိမ်းစားကျောင်းဆရာကြီး

တစ်ဦးရဲ့သတင်းပါပဲ။

တာမွေကြီးရပ်ကွက်မှာနေထိုင်တဲ့ပင်စင်စား

ဆရာကြီးဦးမြင့်ဟာမြန်မာနဲ့ထိုင်းပွဲကိုကြည့်ရင်း

စိတ်ထိခိုက်ပြီးသေဆုံးသွားခဲ့တာပါ။

ဆရာကြီးဟာနဂိုကတည်းကအသဲရောဂါအခံ

ရှိပြီးမြန်မာပွဲကိုတစ်ယောက်တည်းကြည့်နေပြီး

ထိုင်းအသင်းရဲ့နောက်ဆုံးမိနစ်သွင်းဂိုးကြောင့်

စိတ်ထိခိုက်ပြီးသေဆုံးသွားခဲ့တယ်လို့အိမ်နီးနားချင်း

တစ်ဦးကပြောပါတယ်။

ကွယ်လွန်ချိန်မှာအသက်74နှစ်ရှိပြီဖြစ်တဲ့ဆရာကြီးရဲ့

ရုပ်အလောင်းကိုဒီနေ့ညနေလေးနာရီမှာပဲရေဝေး

မှာသဂြိုဟ်ခဲ့ပါပြီ၊၊ဆရာကြီးကောင်းရာသုဂတိ

လားပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

မြန်မာဘောလုံးအသင်းကိုချစ်လွန်းတဲ့

ဆရာကြီးကိုလည်းပြည်သူတွေကအမြဲအမှတ်ရ

နေမှာသေချာပါတယ်ဆရာကြီးခင်ဗျာ။

source-phoe aye


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။