ဆီးဂိမ်းနန်းလုပွဲ

ကြည့်ရမှာအောင့်သက်သက်ဖြစ်နေပေမယ့်

အာဆီယံဘောလုံးဘုရင်ထိုင်းနဲ့ပရိသတ်

7သောင်းကျော်အားနဲ့ကစားမယ့်အိမ်ရှင်

မလေးရှားတို့ရဲ့ပွဲကတော့စိတ်ဝင်စားစရာပါ။

ဆီးဂိမ်းအမျိုးသားဘောလုံးရွှေတံဆိပ်ဆိုတာ

ဆီးဂိမ်းပြိုင်ပွဲတစ်ခုလုံးရဲ့အသက်လို့ပြောလို့ရတာမို့

ဗိုလ်ဝင်ခံဖို့အတွက်ထိုင်းနဲ့မလေးရှားတို့ရေကုန်ရေခမ်း

ကြိုးစားကစားကြတော့မှာပါ။

မလေးရှားမှာစောင့်ကြည့်ရမယ့်ကစားသမားကတော့

တိုက်စစ်မှူးသာနာဘလန်ဖြစ်ပြီးသူ့ရဲ့အမြင့်ဘောကျွမ်းကျင်

ပိုင်နိုင်မှုတွေဟာထိုင်းနောက်တန်းကရှင်နာဖတ်၊ဆူရိယတို့

ကိုသေချာပေါက်အခက်အခဲတွေ့စေမှာပါ။ထိုင်းအသင်းမှာ

စောင့်ကြည့်ရမယ့်ကစားသမားကတော့Player Maker

ဝိုရာချစ်ဆိုတာတော့ငြင်းစရာမရှိပါဘူး။ပြီးခဲ့တဲ့ပွဲမှာ

ဝိုရာချစ်နေရာမှာတိုက်စစ်အားသန်တဲ့

ကွင်းလယ်လူသာနာဝတ်ကိုထည့်သွင်းကစားခဲ့ပေမယ့်

မယအလုပ်မဖြစ်ဘူးဆိုတာထိုင်းနည်းပြဝိုရာဝတ်သိနေလောက်ပါပြီ။

ကစားသမားအင်အားအရထိုင်းကသာတယ်

ဆိုပေမယ့်နည်းပြအတွေ့အကြုံမှာတော့အွန်ကင်ဆွီး

ဟာဝိုရာဝတ်ထက်အပြတ်သာပါတယ်။

အွန်ကင်ဆွီးဟာအာဆီယံဝါရင့်နည်းပြတစ်ဦး

ဖြစ်ပြီးမလေးရှားအသင်းကို2011တုန်း

ဆီးဂိမ်းချန်ပီဆုယူပေးခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်ထိုင်းကလည်းမလေးရှားကို2001ဆီးဂိမ်းတုန်းက

ကွာလာလမ်ပူ ပူမှာပဲ1-0နဲ့အနိုင်ရဗိုလ်စွဲထားတာကိုတော့

မေ့လို့မရပါဘူး။ဒီနေ့ညနေရဲ့အာဆီယံနန်းလုပွဲဘယ်သူနိုင်သွားမလဲဆိုတာကိုတော့..

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။