မိန်းကလေးအများစု ပိုင်ဆိုင်ချင်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားပြီး အများအားကျခံနေရသူကတော့ မင်းသမီးလေး သဥ္ဇာနွယ်ဝင်း ဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီး အနုပညာအလုပ်တွေ လုပ်ကိုင်ခြင်းမရှိတော့ပေမဲ့ ပရိသတ်အားပေးမှုကို ရရှိထားဆဲ သဥ္ဇာနွယ်ဝင်းကတော့ ကိုယ်ဝန်ဆောင်ထားရပါတယ် ပရိသတ်ကြီးရေ။ 

မကြာခင် မိဘတွေ ဖြစ်လာတော့မယ့် ကိုစတီဗင်လှနဲ့ သဥ္ဇာတို့ကတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမြင်ကြသလည်းဆိုတာကို Myanmar Celebrities သို့ ယခုလိုပြောကြားထားပါတယ်။

"သူ့ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်တုန်းကဘအခုလောက်ထိ သဘောမကျသေးဘူး။ အခုရင်သွေးရှိလာပြီဆိုတော့ သူကိုယ့်ရင်သွေးပေါ်မှာ အရမ်းဂရုစိုက်တာကို မိန်းမတစ်ယောက်အနေနဲ့ အရမ်းကျေနပ်တယ်" ဆိုပြီး သဥ္ဇာနွယ်ဝင်းကဆိုပါတယ်။ 

ခင်ပွန်းဖြစ်သူ ကိုစတီဗင်လှကလည်း "ပထမ စစချစ်တုန်းကနဲ့ အခုဟာနဲ့ဆိုရင်တော့ ကွာတယ်။ ပထမ နှစ်ယောက် ချစ်တယ်ဆိုတာ အပေါ်ယံပေါ့နော်။ အခု မင်္ဂလာဆောင်တာ နှစ်ဝက်ကျော်နေပြီဆိုတော့ ပိုပြီးတော့ တန်ဖိုးထားလာတယ်။ သူကလည်း တန်ဖိုးထားလို့ကောင်းတဲ့ အမျိုးသမီးပေါ့။ အစစအရာရာလည်း နားလည်မှုပေးတယ်။ ဒါပေမဲ့ ကလေးဆန်တာလေးတစ်ခုပဲ" ဆိုပြီး လင်မယားနှစ်ယောက် ရယ်ရယ်ပြုံးပြံုးနဲ့ ဖြေဆိုထားတာ တွေ့ရပါတယ် ပရိသတ်ကြီးရေ.....

Source: Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။