အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ကြော်ငြာမင်းသမီး ထက်ထက်မိုးဦး ပြန်လာပါပြီ ပရိသတ်ကြီးရေ။ အကြောင်းအမျိုးမျိုးကြောင့် အနုပညာလောကကနေ ဆယ်စုနှစ်နီးပါးအနားယူခဲ့တဲ့ သူမ ယခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေလည်း ပြန်လည်ရိုက်ကူးနေသလို ကြော်ငြာတော်တော်များများလည်း ရိုက်ကူးလို့နေပါတယ်။

လက်ရှိမှာတော့ ပါတိတ်ကြော်ငြာတစ်ခု ရိုက်ကူးနေတယ်လို့ သိရပါတယ်။ မနေ့ညက ညဆယ်နာရီလောက်ထိ ဒီကြော်ငြာကို ရိုက်ကူးနေပြီး သူမရဲ့ အလှဓာတ်ပုံတွေကတော့ လူမှုစာမျက်နှာထက်မှာ ရေပန်းစားလို့နေပါတယ်။ သမီးလေးမွေးပြီး ဝိတ်မထိန်းဘဲ အတော်ဝခဲ့တဲ့ ထက်ထက်တစ်ယောက် ယခုလို ခန္ဓာကိုယ်ပြန်ထိန်းပြီး အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေတာကို ပရိသတ်တွေကတော့ ဝမ်းသာနေကြပါတယ်။

လက္ရွိမှာတော့ အနုပညာအလုပ်တွေကိုပဲ ဆက်တိုက်လုပ်ကိုင်နေတာ တွေ့ရပါတယ်။ သမီးလေးနဲ့ပတ်သတ်လာပြီး သူမကတော့ အနုပညာအလုပ်လုပ်ကိုင်တာထက်စာရင် ပညာရေးပိုင်းမှာ ထူးချွန်စေချင်တယ်ဆိုပြီး အမြဲပြောလေ့ရှိပါတယ်။ ဇာတ်ကားရိုက်ကူးမှုအနေနဲ့တော့ MRTV-4 နဲ့အတူ ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးနေပါတယ်တဲ့ ပရိသတ်ကြီးရေ.......

Photo Source: Aung Myat Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။