ကြံရည်ကိုတော့ လူတော်တော်များများကြိုက်နှစ်သက်ကြပါတယ်။မြန်မာတွေအနေနဲ့ ကြံရည်အချိုရည်သဖွယ် သောက်သုံးလေ့ရှိကြပါတယ်။သိုေသော်လည်းကြံရည်မသောက်သင့်ကြောင်းကို စင်ကာပူနိုင်ငံမှ ကျန်းမာရေးဌာနကပြောကြားလိုက်ခြင်းဖြစ်ပါတယ်။စင်ကာပူမှာ Food center တွေရှိပြီး၊ ကျန်းမာရးနဲ့ ညီမညီ အမြဲလိုက်စစ်ဆေးတဲ့ အဖွဲ့တွေလဲရှိပါတယ်။

ကြံရည်နဲ့ပတ်သတ်ပီးတော့ အဲဒီအဖွဲ့ကပဲ တစ်နေ့လုံး ကြံရည်ဆိုင်တွေ ဘယ်လိုလုပ်ဆောင်တယ်ဆိုတာ ကြည့်ခဲ့ပါတယ်။ များသောအားဖြင့် ကြံချောင်းဟာ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာတွေ၊ ဓာတုပစ္စည်းတွေကို စုတ်ယူအားကောင်းတဲ့ ဂုဏ်သတ္တိရှိပါတယ်။လေ့လာတွေ့ရှိချက်တွေ အရတော့ ညနေဘက်တွေဆို ဆိုင်တွေက ဆပ်ပြာရည်တွေ၊ ကြမ်းခင်းဆေးရေ တွေနဲ့ ဆေးကြောလေ့ရှိပါတယ်။ အနီးအနားမှာ ရှိတဲ့ ကြံချောင်းတွေကို စစ်ဆေးရာမှာ ဓာတုပစ္စည်းတွေအပြင် ကြောင်သေး၊ကြွက်သေးစတာတွေပါ စုတ်ယူထားတာတွေ့ရှိပါတယ်။

မြန်မာပြည်က ကြံရည်ဆိုင် အများအပြားဟာလဲ ကြံချောင်းတွေကို ဒီလိုပဲထောင်တားပြီး ကြိတ်ခံနီးမှ ရေနဲ့ ဆေးကြောရုံပဲလုပ်ကြပါတယ်။ အနီးအနားမှာရှိတဲ့ ဓာတုဓာတ်တွေ၊ ဘက်တီးရီးယားတွေကို စုတ်ယူထားမယ့် အခွင့်အလမ်းဟာ အလွန်များပါတယ်။သင့်မိသားစု၊ သင့်မိတ်ဆွေထဲမှာ ကြံရည်ကြိုက်သူများရှိပါက ဤဗဟုသုတကို ဝေမျှနိုင်ပါသည်။သန့်ရှင်းစွာကိုင်တွယ်ရောင်းချသော ကြံရည်ဆိုလျှင်တော့ ကြိုက်နှစ်သက်ကသောက်သုံးပါခင်မျာ။

သတင်းအရင်းမြစ် Golden Dream

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။