အိပ်ပျော်နေတုန်းမှာ ဟောက်တယ် ဆိုတဲ့အရာက တော်တော်များများ သတိထားမိတတ်ကြပါတယ်။ တစ်ချို့ဆို ဟောက်တဲ့ အသံက ကျယ်လွန်းလို့ မိသားစုတွေ အိပ်ရာက လန့်နိုးတဲ့ အထိတောင် ဖြစ်လေ့ရှိပါတယ်။ ဒီလို ဟောက်တတ်တာကို စသိတဲ့အချိန်မှစပြီး ဂရုစိုက်သင့်ပါတယ်။ ကြာလာတဲ့ အခါ ဟောက်တာက ဆိုးရွားလာပြီး အကျင့်တစ်ခုလိုတောင် ဖြစ်သွားနိုင်ပါတယ်။ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါတယ်။

ဘာကြောင့် ဒီလို ဟောက်တတ်မှန်းကိုလည်း လူအများစုက မသိကြပါဘူး။ ကိုယ်တိုင်တော့ ဟောက်တယ်ဆိုတာကို သတိမထားမိတတ်ကြပါဘူး။ မနက်လင်းလို့ အိပ်ရာနိုးမှသာ တခြားသူ တစ်ဦးဦးက ပြောပြလို့ သိရတာမျိုးပါ။ ကိုယ်က သာ အိပ်ပျော်နေတုန်း ဟောက်ပြီဆိုရင် အရင်ဆုံးအနေနဲ့ အတူနေ မိသားစု၊ အတူနေ ပတ်ဝန်းကျင်က သတိထားမိမှာ ဖြစ်ပါတယ်။ ကိုယ့်ကြောင့် ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်ရတယ်ဆိုတာကလည်း ကိုယ့်အတွက် မကောင်းသလို ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။

အိပ်နေတုန်းမှာ ဒီလို ဟောက်ဖြစ်ခဲ့တယ် ဆိုရင် ကောင်းမွန်စွာ အနားယူခြင်းမျိုးကို မရနိုင်ပါဘူး။ အိပ်ရာက နိုးလာတဲ့အခါ အိပ်ရေးမဝတာမျိုး၊ အိပ်ချင်နေတာမျိုး၊ ငိုက်မြည်းနေတာမျိုး၊ အာရုံစုစည်းမှု အားနည်းတာမျိုးတွေနဲ့ အတွေးအခေါ် ကောင်းကောင်းမရတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဘယ်လို အချက်တွေကြောင့် အိပ်ပျော်နေတုန်း ဟောက်ရတာလဲ ???

- အသက်အရွယ်အရ ဟောက်ခြင်း (အသက် ၄၀ ကျော် အများစု)

- အမျိုးသား အများစု (အမျိုးသားတွေက အမျိုးသမီးတွေထက် ဟောက်လေ့ ရှိပါတယ်)

- ခန္ဓာကိုယ် ၀သူတွေ (overweight)

- တခြားသူတွေထက် လျှာအနည်းငယ် ကြီးသူတွေ

- ဆီးချို၊ သွေးချို ရောဂါ ရှိသူတွေ

- သူများထက် မေးရိုး အနည်းငယ် သေးတဲ့သူတွေ

- အရက်သေစာ သောက်သုံးသူတွေ

- ဆေးလိပ်သောက်သုံးသူတွေက ပိုပြီး ဖြစ်နိုင်ခြေများတယ်

အိပ်ပျော်နေစဉ် မဟောက်နိုင်အောင်လို့ ဘာတွေ လုပ်ရမလဲ ???

- ဘေးစောင်းပြီးအိပ်တာ ပိုသင့်တော်ပါတယ်။ ကိုယ်သာ ဟောက်တတ်တဲ့ သူဆိုရင် အိပ်စက်တဲ့အခါ ဘေးစောင်းပြီး အိပ်သင့်ပါတယ်။

- ခန္ဓာကိုယ် အလေးချိန်ထိန်းသင့်ပါတယ်။ အဝလွန်ခြင်းကို ဂရုစိုက်ပါ။

- ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း ကို ရှောင်ရှားသင့်ပါတယ်။

သတင်းအရင်းအမြစ် - Health Fit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။