ချန်ပီယံဆုအတွက်ပြင်ဆင်နေပြီဖြစ်တဲ့မြန်မာယူ-18

လာမယ့်စက်တင်ဘာလအတွင်းမှာ မြန်မာနိုင်ငံက

အာဆီယံယူ-18ပြိုင်ပွဲကိုအိမ်ရှင်အဖြစ်

လက်ခံကျင်းပမှာပါ။ဒီပြိုင်ပွဲမှာအနိုင်ရဗိုလ်စွဲဖို့

မြန်မာယူ-18အသင်းပစ်မှတ်ထားပါတယ်။

ဗိုလ်စွဲဖို့လည်းအစွမ်းကုန်ပြင်ဆင်နေကြပြီလို့

မြန်မာယူ-18အသင်းတာဝန်ရှိသူ

တစ်ဦးကပြောပြပါတယ်။

စက်တင်ဘာ4ရက်နေ့ကနေ17ရက်နေ့အထိကျင်းပမယ့်

ဒီပြိုင်ပွဲမှာ မြန်မာအသင်းပါဝင်မယ့်အုပ်စုမှာ

ဗီယက်နမ်၊အင်ဒို၊ဖိလစ်ပိုင်၊ဘရူနိုင်းတို့ပါဝင်ကြမှာပါ။

မြန်မာအသင်းဟာစက်တင်ဘာ5ရက်နေ့မှာတော့

အင်ဒိုအသင်းနဲ့စတင်ယှဉ်ပြိုင်ရမှာပါ။မြန်မာယူ-18

ရဲ့အပြီးသတ်လူစာရင်းကိုလည်းမကြာခင်ထုတ်ပြန်သွား

မယ်လို့သိရပါတယ်။

မြန်မာအသင်းဟာအင်တာယူ-18ကိုတစ်ပွဲသရေ

တစ်ပွဲရှုံးကစားထားပါတယ်။ထိုင်းအသင်းကိုလည်း

သူ့မြေသူ့ရေမှာသွားပြီးအနိုင်ယူထားပါတယ်။

ခြေစွမ်းကောင်းမွန်တဲ့အသင်းတစ်သင်းဖြစ်လို့

သူ့တို့ကိုမြန်မာပရိသတ်ကမျှော်လင့်နေကြပါတယ်။

မြန်မာတို့ရဲ့မျှော်လင့်ချက်ကိုယူ-18ဖြည့်ဆည်းပေးနိုင်မလား..

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။