အာဆင်နယ်အသင်းရဲ့နောက်တန်းကစားသမား ကီရန်ဂစ်ကို ဝက်ဘရွန်းအသင်းက ပေါင် ၇ သန်းနဲ့ နောက် ၂၄ နာရီအတွင်းခေါ်ယူနိုင်တော့မှာလည်းဖြစ်ပါတယ်။ကီရန်ဂစ်ဟာ မနေ့က ဝက်ဘရွန်းအသင်းနဲ့ဆေးစစ်မှုခံယူခဲ့ပြီလည်းဖြစ်ပါတယ်။ဝက်ဖို့စ်အသင်းကလည်း ကီရန်ဂစ်ကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းခဲ့ပေမဲ့ ဝက်ဘရွန်းအသင်းကခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းကတော့ ဆက်တိုက်ဆိုသလို နောက်တန်းကစားသမားတွေ ရောင်းချနေတာလည်းဖြစ်ပါတယ်။

လက်ရှိမှာအာဆင်နယ် အသင်းကနေထွက်ခွာဖို့ရှိနေတဲ့ နောက်တန်းကစားသမားအများအပြားရှိနေခဲ့တာလည်းဖြစ်ပါတယ်။မူစတာဖီ၊ဒီဘူချီ အစရှိတဲ့ကစားသမားတွေကို အင်တာမီလန်အပြင် တစ်ခြားအသင်းတွေကလည်းခေါ်ယူရန် ချိတ်ဆက်နေခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ နောက်တန်းပြသာနာ ကိုအမြန်ဆုံးဖြေရှင်းရန်လိုအပ်နေတာလည်းဖြစ်ပါတယ်။အာဆင်နယ် ပရိတ်သတ်တွေကတော့ လက်ရှိအသင်းရဲ့ပုံစံကိုအားမရဖြစ်နေတာလည်း ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကီရန်ဂစ်ဟာ ၂၀၀၇ ခုနှစ်က အာဆင်နယ်လူငယ်အသင်းကနေ အာဆင်နယ်အသင်းကိုရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။ကီရန်ဂစ်ဟာ အာဆင်နယ်အသင်းနဲ့ပွဲပေါင်း ၂၂၉ ပွဲကစားပေးထားပြီး ၆ ဂိုးသွင်းယူခဲ့ကာ ၂၅ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ဝက်ဘရွန်းအသင်းဟာ လက်ရှိမှာ ကစားအသစ်တွေဖြစ်တဲ့ ဂျေးရိုဒရီဂွက်၊ဂါရက်ဘယ်ရီ အစရှိတဲ့ကစားသမားတွေကို ခေါ်ယူအားဖြည့်ထားတာလည်းဖြစ်ပါတယ်။ဒါ့အပြင် ပရီးမီးယားလိဂ် ပွဲစဉ်သုံးပွဲကန်ပြီး ရံှူးပွဲမရှိသေးတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်

source - mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။