အောင်သူ၊သန်းပိုင်တို့ပြန်လည်ပါဝင်လာတဲ့ဘစ်ရှ်ကတ်သွားမယ့်

မြန်မာအသင်း

လာမယ့်စက်တင်ဘာ5ရက်နေ့မှာမြန်မာအသင်းဟာ

အာရှဖလားခြေစစ်ပွဲအဖြစ်ကာဂျစ္စတန်နဲ့

အဝေးကွင်းသွားရောက်ကစားရမှာပါ။

မြန်မာအသင်းနဲ့ကာဂျစ္စတန်လက်ရွေးစင်

အသင်းတို့ဟာမြန်မာစံတော်ချိန်ည8:30အချိန်မှာ

အာရှဖလားခြေစစ်ပွဲအောင်မြင်ဖို့အတွက်အရေးကြီး

တဲ့ပွဲစဉ်တစ်ပွဲကိုကာဂျစ္စတန်မြို့တော်ဘစ်ရှ်ကတ်မှာကစား

သွားကြမှာပါ။

မြန်မာ့လက်ရွေးစင်အသင်းကိုကွာလာလမ်ပူက

ပြန်ရောက်လာတဲ့နည်းပြဂတ်ကခရီးရောက်မဆိုက်

ထုတ်ပြန်ခဲ့ပြီးဆီးဂိမ်းအသင်းကကစားသမား

7ယောက်ပြန်ပါလာခဲ့ပါတယ်။ဆန်းဆက်နိုင်၊

ဟိန်းသီဟဇော်၊သီဟထက်အောင်၊လှိုင်းဘိုဘို၊

ရန်နိုင်ဦး၊အောင်သူ၊သန်းပိုင်စတဲ့ကစားသမားတွေ

ပြန်လည်ပါဝင်လာပြီးတောင်ပံကစားသမားစည်သူအောင်၊

မောင်မောင်လွင်၊နေပြန်ကောင်းလာတဲ့မျိုးကိုထွန်း

တို့ကိုတော့ချန်လှပ်ခဲ့ပါတယ်။

လက်ရှိမြန်မာအသင်းရဲ့လူစာရင်းမှာ

ဂိုး-သီဟစည်သူ၊ကျော်ဇင်ထက်၊ဆန်းဆက်နိုင်

နောက်တန်း-ဟိန်းသီဟဇော်၊သိန်းသန်းဝင်း၊ဇော်မငး်ထွန်း၊

သီဟထက်အောင်၊ဝင်းမင်းထွတ်၊ဒေဗစ်ထန်၊

ကျော်ဇင်လွင်။

အလယ်တန်း-တင်ဝင်းအောင်၊ရန်အောင်ကျော်၊လှိုင်းဘိုဘို၊

ရန်နိုင်ဦး၊သက်နိုင်၊ကောင်းဆက်နိုင်၊မင်းမင်းသူ

ရှေ့တန်း -အောင်သူ၊သန်းပိုင်၊ကျော်ကိုကို၊ဇင်မင်းထွန်းတို့ပဲ

ဖြစ်ပါတယ်။

photo-ko zaw min htike

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။