မြန်မာဟာအခက်ခဲဆုံးပြိုင်ဘက်ဖြစ်ကြောင်းဝန်ခံတဲ့

ထိုင်းမန်နေဂျာ


မဒမ်ဒီးယားလို့ချစ်စနိုးခေါ်ကြတဲ့ထိုင်းအသင်းမန်နေဂျာ

ဝန်တန်ညာဟာထိုင်းအသင်းယှဉ်ပြိုင်ခဲ့ရတဲ့

ပြိုင်ဘက်အသင်းတွေထဲမှာမြန်မာအသင်းက

အခက်ခဲဆုံးလို့ဗီယက်နမ်သတင်းစာ

တစ်စောင်ကိုပြောကြားခဲ့ပါတယ်။မြန်မာကစား

သမားတွေဟာအရမ်းမြန်ပြီးကြံ့ခိုင်မှုကောင်းတာကြောင်

ထိုင်းအသင်းသားတွေဟာအဆုံးစွန်ကြိုးစား

အားထုတ်မှုပြုခဲ့ရတယ်လို့သူကပြောပါတယ်။


ဗီယက်နမ်အသင်းကိုတော့မီဒီယာနဲ့ဖိအားတွေရှိ

နေတဲ့ကြားကလွယ်လွယ်ကူကူကျော်ဖြတ်နိုင်ခဲ့တယ်

ခပ်နှိမ်နှိမ်လေးပြောထားပါတယ်။ဗီယက်နမ်နည်းပြ

ငုယင်ဟူသန်းကလည်းထိုင်းကိုအထင်သေး

စကားတွေပြောထားတာကို။အင်ဒိုကိုသရေရဖို့၊

တီမောကိုအနိုင်ရဖို့လည်းရုန်းကန်ခဲ့ရပြီး

မလေးရှားကိုတော့ပုံမှန်ပါပဲလို့သူမက

ပြောပါတယ်။


မလေးရှားဆီးဂိမ်းကြီးလည်းပြည်ဖုံးကား

ချသွားပါပြီ။မဒမ်ဒီးယားကတော့တစ်နှစ်ကျော်ကြာ

ပြင်ဆင်ခဲ့ရတဲ့ထိုင်းအသင်းဗိုလ်စွဲသွား

တာကိုဝမ်းသာလွန်နေပါတယ်။

မဒမ်ဒီးယားရဲ့အလှနဲ့အတူ

ထိုင်းအသင်းဟာလည်းဒီနှစ်မလေးရှား

ဆီးဂိမ်းရဲ့အမှတ်တရတစ်ခုဖြစ်နေတော့မှာပါ။


Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။