ဘာစီလိုနာအသင်းဟာ ဂျူဗင်တပ်အသင်းရဲ့တိုက်စစ်မှူး ဒီဘာလာကို ယူရို ၁၁၅ သန်း + အပိုဆုကြေး ယူရို ၄၅ သန်းနဲ့ကမ်းလှမ်းခဲ့ရာ ဂျူဗင်တပ်အသင်းကပယ်ချခဲ့တယ်လို့သိရပါတယ်။ဘာစီလိုနာဟာ ယခုနှစ်ရာသီမှာ ပစ်မှတ်အများအပြား ထားလျက်ရှိနေပြီး ကစားသစ်များခေါ်ယူရန် အလိုရှိနေတာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းကတော့ သူတို့ရဲ့ကစားသမား ဒီဘာလာကို ရောင်းချသွားမှာမဟုတ်ကြောင်း ဘာစီလိုနာအသင်းကို သတိပေးပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ အဓိကကစားသမားနေမာ အသင်းကနေထွက်ခွာသွားပြီနောက် ကစားအသစ်တွေ ပြန်လည်ဖြည့်တင်းဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။လက်ရှိမှာ ဘာစီလိုနာအသင်းဟာ ဒေါ့မွန်အသင်းရဲ့တိုက်စစ်မှုး ဒမ်ဘီလီတစ်ယောက်ကို ခေါ်ယူထားနိုင်ခဲ့ပြီး ကျန်ပစ်မှတ်ကစားသမားတွေဖြစ်ကြတဲ့ ကော်တင်ဟို ၊ဝီလီယံ ၊ဒီမာရီယား ၊ ဒီဘာလာ တို့ကို ခေါ်ယူမှုမှာတော့ နှောင့်နှေးနေရတာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းနည်းပြဗယ်ဗာဒီကတော့ သူတို့အသင်းဟာ ဒမ်ဘီလီတစ်ယောက်ပဲ ခေါ်ယူသွားမှာမဟုတ်ပဲ တစ်ခြားကစားသမားတွေ ဆက်လက်ခေါ်ယူသွားအုံးမယ်လို့ ပြောထားတာလည်းဖြစ်ပါတယ်။

ဒီဘာလာ ဟာ ဂျူဗင်တပ်အသင်းမှာ ခြေစွမ်းပြကစားနိုင်နေတဲ့သူတစ်ယောက်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း ခေါ်ယူရန်စောင့်ကြည့်နေတာဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းနဲအတူ့ ပြီးခဲ့တဲ့ စီးရီးအေပွဲဖြစ်တဲ့ ဂျီနိုအာနဲ့ ပွဲတွင်လည်း အဝေးကွင်းမှာ ၄ဂိုး ၂ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး အဲ့ပွဲမှာ ဒီဘာလာ ဟာ အသင်းအတွက် ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့ပါသေးတယ်။ဘာစီလိုနာအသင်းဟာ ဒီဘာလာကို နောက်တစ်ကြိမ်ကမ်းလှမ်းသွားဖို့ ရှိနေတာဖြစ်ပြီး ကမ်းလှမ်းမှုသာအောင်မြင်ပါက ဒီဘာလာဟာ အာဂျင်းတီးနားအသင်းဖော် မက်ဆီနဲ့ တွဲဖက်ကစားရမှာလည်းဖြစ်ပါတယ်

Source - Football Transfer News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။