ပရိသတ်တွေအတွက် ဒီတစ်ပတ်ရုံတင်ပြသမယ့် DEEPရုပ်ရှင်ဇာတ်လမ်းအကြောင်းလေ့ကို ပရိသတ်တွေစိတ်ဝင်စားစေဖို့တင်ပြလိုက်ရပါတယ်။ကားတွန်းကြိုက်နှစ်သက်သူတွေပါမက ဆန်းသစ်တဲ့ဖန်တီးမှုတွေနဲ့ ရေအောက်ကမ္ဘာက ရေသတ္တဝါလေးတွေကိုရိုက်ကူးထားတဲ့ဒီဇာတ်ကားလေးကိုတော့ပရိသတ်တွေစိတ်ဝင်စားမယ်ထင်ပါတယ်။ဒီဇာတ်ကားလေးဟာ ရေဘဝဲလေးဒိ(ပ်)ရဲ့စွန့်စားခန်းကို ဇာတ်အိမ်တည် ထားတာဖြစ်ပါတယ်။

လူသားတွေဟာ သက္ကရာဇ် ၂၁၀၀ ပြည့်နှစ်မှာ ကမ္ဘာမြေကနေ စွန့်ခွာသွားကြသလို ရေသတ္တဝါ မျိုးစိတ် အများစုဟာလည်း ပျောက်ကွယ်ကုန်ပြီး တချို့သော ရေသတ္တဝါတွေဟာ သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးနေရာမှာ မှီတွယ် နေရင်းရှင်သန်နေကြရပါတယ်။ရှင်ကျန်နေတဲ့သတ္တဝါတွေ ထဲမှာ ရေဘဝဲလေးဒိ(ပ်)လည်းပါဝင်ပြီး ဒိ(ပ်)ဟာစွန့်စားရတာ တွေဝါသနာပါပြီး အဆော့မက်တဲ့ ရေဘဝဲလေးဖြစ်လို့ သူ့ရဲ့မျိုးနွယ်စုမှာတော့ တစ်ကောင်တည်းကျန် နေသူပါ။ ဒိ(ပ်)ဟာ သူ့ရဲ့ အခင် ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ငါးလေးအီဗို၊ ပင်လယ်ပုစွန်လေး အဲလစ္စတို့နဲ့အတူ နေထိုင်တာပါ။

တစ်ရက်မှာတော့ မြေငလျင်တစ် ခုလှုပ်ခဲ့အပြီးမှာ ရေသတ္တဝါတွေ ရဲ့ အသိုက်အမြုံအိမ်တွေလည်း ပျက်စီးကုန်ပါတော့တယ်။ အဲဒီအခါမှာ ပင်လယ်ရေအောက်က အသူတစ်ရာနက်တဲ့ချောက်ကြီး ရဲ့ အစောင့်အရှောက်ဖြစ်တဲ့ ကရာကန်က ဒိ(ပ်)နဲ့ သူ့သူငယ်ချင်းနှစ် ယောက်ကို ရေသတ္တဝါတွေအေး အေးချမ်းချမ်းနေနိုင်မယ့်နေရာကို ရှာဖွေဖို့ စွန့်စားခန်းခရီးစဉ်တစ်ခု စေလွှတ်ခဲ့ပါတယ်။

အဲဒီအခါမှာ ဒိ(ပ်)တို့တစ် တတွေဟာ ရေအောက်နိုင်ငံတွေ၊ ရေမြုပ်နေတဲ့သင်္ဘောပျက်တွေ ကို ဖြတ်သန်းရင်း ခရီးထွက်ခဲ့ကြ ကာ လမ်းခရီးမှာ အဖျက်အမှောင့်မျိုးစုံကြုံခဲ့ရသလို ကူညီစောင့် ရှောက်မယ့်သူတွေနဲ့လည်း ဆုံခဲ့ ပါတယ်။ဒိ(ပ်)နဲ့ သူ့သူငယ်ချင်းတွေ စွန့်စားခန်းခရီးစဉ်မှာ ဘယ်လိုအ ခက်အခဲတွေကြုံရမှာလဲ၊ ရေသတ္တဝါတွေ ဘေးကင်းလုံခြုံမယ့် နေရာကို ဒိ(ပ်)တို့ ရှာပေးနိုင်ပါ့ မလားဆိုတာတော့ ချစ်စရာရေဘဝဲလေးနဲ့ ဘယ်လိုတင်ဆက် ထားလဲဆို ဆက်ကြည့်ဖို့ဖော်ပြ လိုက်ပါတယ်။

သတင်းအရင်းမြစ် 7day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။