ဗြိတိန်တော်ဝင်မင်းသမီး ဒိုင်ယာနာရဲ့ ကွယ်လွန်မှုနှစ်(၂၀)မြောက် အောက်မေ့ဖွယ်အခမ်းအနားကို ဗြိတိ်န်မှာကျငး်ပခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာသူမရဲ့သားတွေဖြစ်တဲ့ မင်းသားဝီလီယံနဲ့မင်းသားဟယ်ရီတို့ဟာ ကန်ဆင်တန်နန်းတော်မှာရှိတဲ့ အမှတ်တရပန်းစည်းချရာနေရာသို့ သွားရောက်ခဲ့ကြပါတယ်။ မင်းသားဟယ်ရီက "ကျွန်တော်တို့အားလုံး တစ်စုံတစ်ယောက်ကိုဆုံးရှုံးခဲ့ကြပါတယ်" လို့မင်းသမီးဒိုင်ယာနာသက်ရှိထင်ရှားရှိစဉ် ကူညီထောက်ပံ့ခဲ့တဲ့ လူမှုကူညီရေးအသင်းအဖွဲ့ဝင်တွေကို ပြောဆိုခဲ့ပါတယ်။ တခြားလူမှုဝန်ထမ်းတွေကလည်း ယူနိုက်တက်ကင်းဒမ်းတဝှမ်းလုံးမှာ အောက်မေ့ဖွယ်အခမ်းအနားတွေကို ကျင်းပနေကြတာပါ။

ဘီဘီစီသတင်းထောက်အနေဖြင့် ပန်းစည်းလာချသူတွေထဲက စေတနာ့ဝန်ထမ်းအလုပ်လုပ်ရင်း မင်းသမီးဒိုင်ယာနာနဲ့ တွေ့ဆုံဖူးသူ တယ်ရီကိုမေးမြန်းရာမှာတော့ "အိုး၊သူမကိုတွေ့ဆုံခွင့်ရခဲ့တာ အလွန်အခွင့်ထူးပါပဲ၊ ကျွန်တော်ကအိမ်ခြေရာမဲ့သူတွေကို အစားအသောက်နဲ့ စောင်တွေပေးဝေနေတုန်း သူမရောက်ရှိလာခဲ့တယ်၊ ကျွန်တော်တို့အားလုံးကို ကြည့်ရှုနှုတ်ဆက်သွားလို့ ကျွန်တော်တို့အားလုံး အံ့အားသင့်ခဲ့ရပါတယ်။ တကယ့်ကို နတ်သမီးလေးတစ်ပါး ရောက်လာသလိုပါပဲဗျာ" လို့သူကဆိုပါတယ်။ 

သူကဆက်ပြီး "ကျွန်တော်တို့အားလုံးကို စကားပြောဆိုသွားပါတယ်၊ သူမဟာအလွန်နှစ်လိုဖွယ်ကောင်းပါတယ်၊ တကယ့်ကိုမယုံနိုင်စရာပါဘဲ၊ လူအားလုံးကသူမကို အပြုံးကိုယ်စီပြံုးပြခဲ့ကြပြီး သူမကလည်း နှစ်လိုဖွယ်အပြံုးလေးနဲ့ သူတို့ကိုပြန်ပြံုးပြခဲ့ပါတယ်။"

မင်းသမီးရဲ့ကိုယ်ပိုင်သက်တော်စောင့်နဲ့ သူမရဲ့သားနှစ်ယောက်ကို စောင့်ရှောက်ရသူ ကင်းဝက်ဖ်ကတော့ "သူမရဲ့တော်ဝင်မင်းသမီး အနေဖြင့်တာဝန်တွေထက် သူမရဲ့ကလေးတွေက ပထမဦးစားပေးပါ" လို့ဆိုပါတယ်။ 

သူကဆက်ပြီး "တော်ဝင်မင်းသမီးအနေဖြင့် တာဝန်တွေ ထမ်းဆောင်ရင်း နိုင်ငံရပ်ခြားရောက်နေတဲ့အခါမျိူးမှာ ငါအိမ်ပြန်ပြီး ငါ့သားတွေကိုပြန်ကြည့်ရဦးမယ်လို့ အမြဲဆိုလေ့ရှိပါတယ်။" မင်းသမီးဒိုင်ယာနာဟာ သြဂုတ်လ(၃၁)ရက်၊ ၁၉၉၇ခုနှစ် မှာ ပြင်သစ်နိုင်ငံပဲရစ်မြို့မှာ ကားအက်စီးဒင့်ဖြစ်ပြီး ကွယ်လွန်ခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် (၃၆)နှစ်သာရှိပါသေးတယ်။

Source: BBC News Website

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။