အဝလွန်ခြင်းဟာ သင့်ရဲ့သွေးခုန်နှုန်း Pressure၊ နဲ့ ကိုလက်စထရော ကိုတိုးစေနိုင်ပြီး ဆီးချိုရောဂါပါ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါ့အပြင်သင့်ရဲ့ဦးနှောက်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အဆီနဲ့သကြားဓာတ်ပေါများစွာပါ၀င်တဲ့ အစားအသောက်တွေဟာမှတ်ဉာဏ်အတွက် အရေးကြီးတဲ့ သင့်ဦးနှောက်အစိတ်အပို်င်းတွေကို အမှန်တကယ်ထိခိုက်စေနိုင်ပါတယ်။

လေ့လာမှုများအရ အဝလွန်တဲ့ကလေးတွေဟာ မှတ်ဉာဏ်သုံးရတဲ့အလုပ်တွေမှာ အဝလွန်ခြင်းမရှိတဲ့ ကလေးတွေထက် စွမ်းဆောင်ရည်နှိမ့်ကျနေတာက ိုတွေ့ရှိရတယ်လို့ အမေရိကန်တက္ကသိုလ် ၀ါရှင်တန်ဒီစီ်မှ စိတ်ရောဂါပညာရှင် Terry Davidson ကဆိုပါတယ်။

ကန့်တက္ကသိုလ် အိုဟိုင်းယိုးပြည်နယ်မှ အသုံးချစိတ်ပညာဌာနမှ ပရော်ဖက်ဆာနှင့် ဒါရိုက်တာ ဖြစ်သူ John Gunstad က အဝလွန်ခြင်းဟာ သွေးထဲရှိ သကြားဓာတ်ပမာဏ၊ အဆီဓာတ်လောင်ကျွမ်းမှုပမာဏ စသည့်လူ့ခန္ဓာကိုယ်အပေါ် သက်ရောက်မှုတွေဖြစ်ပေါ်စေပါတယ်။

ထိုသက်ရာက်မှုများဟာ ဦးနှောက်ကိုထိခိုက်စေသော အချက်များဖြစ်ကြတယ်လို့ သူကထောက်ပြပြောဆိုပါတယ်။ အဝလွန်ခြင်းကြောင့် ဦးနှောက်အပေါ်ထိခိုက်စေတဲ့ သက်ရောက်မှုတွေဟာ အကြောင်းအရင်းတစ်ခုထဲကြောင့်ဖြစ်တာမဟုတ်ဘဲ အကြောင်းအရင်းများစွာစုပေါငး်ရာမှလည်း ဖြစ်ပေါ်စေနိုင်တယ်လို့ Gunstad ကဆိုပါတယ်။

အကယ်၍အဝလွန်ခြင်းက ကျွန်ုပ်တို့ရဲ့ဦးနှောက်နဲ့မှတ်ဉာဏ်ကို ထိခိုက်စေတာကိုသာ သိရှိကြမယ်ဆိုရင် ကျွနု်ပ်တို့ဟာလူတွေကို အဝလွန်ခြငး်မှ ကာကွယ်နိုင်အောင ်လှုံ့ဆော်နိုင်မှာပဲဖြစ်ပါတယ်။

source: npr.org

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။