မိန်းကလေးတစ်ယောက်ဟာ ပန်းလေးတွေလို့ကဗျာဆရာတွေက တင်စားထားကြပါတယ်။ပန်းလေးတွေဟာ မတူထူးဆန်းတဲ့ အလှတရားတွေလှပတဲ့ အစင်းအရောင်တွေ နဲ့ သင်းပျံတဲ့ရနံတွေကို ပိုင်ဆိုင်ထားသူတွေပါ။ပန်းကလေးတွေနဲ့တင်စားထားတဲ့ မိန်းကလေးတွေဟာလည်းတစ်ယောက်နဲ့တစ်ယောက်ဟာ ချစ်စရာအမူအကျင့်လေးတွေနဲ့ လှပတဲ့ပုံစံလေးတွေရှိကြစမြဲပါ။ဒါပေမဲ့ အကြောင့်အမျိုးမျိုးကြောင့် အလှတရားတွေဟာ ပျက်စီးတက်ကြပါတယ်။ဒါကြောင့် မိမိမှာရှိတဲ့ အလှတရားတွေကိုလည်း ထိန်းသိမ်းထားဖို့လိုပါတယ်။

မိန်းကလေးတစ်ယောက်ဟာ တစ်ကိုယ်ရည်သန့်ရှင်းဖို့နဲ့ လှပနေဖို့အရေးကြီးပါတယ်။ယုံကြည်မှုရှိတဲ့ အလှပိုင်ရှင်လေးတွေဖြစ်ဖို့တော့နည်းစနစ်လေးတွေတော့သိဖို့လိုအပ်မယ်ထင်ပါတယ်။ဒီတစ်ခါတော့ မိန်းကလေးတွေအတွက်နှုတ်ခမ်းနီဆိုးနည်းလေးတွေကိုဖော်ပြလိုက်ရပါတယ်။မိန်းကလေးတော်တော်များများကတော့ နှုတ်ခမ်းနီဆိုးကြပါတယ်။ဒါပေမဲ့လှပသန့်ရှင်းတဲ့ နှုတ်ခမ်းနှီဆိုးနည်းလေးကို လေ့လာလိုက်ရင်ပိုပြီးပြီးပြည့်စုံသွားမှာအသေချာပါပဲ။

နှုတ်ခမ်းနီဆိုးနည်းလေးကိုတော့ စနစ်တကျ တစ်ဆင့်ပြီးတစ်ဆင့် ပြထားပါတယ်။အလှပိုင်ရှင်လေးတွေအနေနဲ့ ပြထားတဲ့ ပုံစံလေးတွေကိုလေ့ကျင့်ရုံပါပဲ။အရင်ကမိမိဆိုးနေကြပုံစံလေးနဲ့ ဒီပုံစံလေးကို ပေါင်းပြီး လှပတဲ့ နှုတ်ခမ်းနီပိုင်ရှင်လေးတွေ ဖြစ်လာမှာပါ။

သတင်းအရင်းမြစ်

သတင်းအရင်းအမြစ်-internet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။