မြန်မာယူ-18အသင်းကိုအငုံ့စိတ်

ပျောက်အောင်သင်ပေးထားတဲ့ဘန်လာဘီ


လူတစ်ယောက်မှာရှိတဲ့အငုံ့စိတ်ဆိုတာ

သိပ်ကြောက်ဖို့ကောင်းပါတယ်။အငုံ့စိတ်ရှိနေတဲ့

လူတစ်ယောက်ဟာကိုယ့်ထက်သာတဲ့သူတွေနဲ့တွေ့ရင်

မလုပ်ရဲ၊မကိုင်ရဲဖြစ်တတ်ပါတယ်။ဒါမဖြစ်သင့်တဲ့ကိစ္စ

တစ်ခုပါ။ယနေ ့မြန်မာဘောလုံးမျိုးဆက်တစ်ခုမှာ

အငုံ့စိတ်တွေရှိကြပါတယ်။



ဝေးဝေးမကြည့်ပါနဲ့၊၊ပြီးခဲ့တဲ့ဆီးဂိမ်းမှာပဲအငုံ့စိတ်နဲ့အတူ

ထိုင်း၊မလေး၊ဗီယက်နမ်တို့ကိုရှုံးနိမ့်ခဲ့ရပါတယ်။

တကယ်တမ်းယှဉ်ကြည့်ရင်ခြေကတစ်သင်းနဲ့တစ်သင်း

ကွာတာမဟုတ်ပါဘူး။မြန်မာအသင်းကျရှံုးခဲ့ရတာ

အငုံ့စိတ်ကြောင့်ပါပဲ။


အခုမြန်မာယူ-18အသင်းကိုတော့ပြုပြင်ပြောင်းလဲမှု

တွေစလုပ်နေပါပြီ၊၊ပြင်သစ်နည်းပြကြီး

ဘန်လာဘီဟာသူ့ရဲ့ကောင်လေးတွေကို

ဘယ်အသင်းကိုမှမကြောက်တတ်အောင်၊

အငုံ့စိတ်မရှိအောင်သင်ကြားပေးထားယ်လို့ဆိုပါတယ်။

သူအဓိကစိုးရိမ်တာကသူ့ကောင်လေးတွေ

ပွဲအတွင်းမှာအမှားလုပ်မိမှာပါပဲ။ဒါပေမယ့်အမှားလုပ်မိရင်

လည်းအဲ့ဒီအမှားတွေကနေသင်ခန်းစာယူပြီး

အကောင်းဆုံးကြိုးစားသွားရမယ့်လို့ယူ-18အသင်းသားလေးတွေကိုမှာကြားထားခဲ့ပါတယ်။ကျွန်တော်တို့အငုံ့စိတ်တွေဖျောက်ပြီးအောင်မြင်မှုရယူဖို့

အချိန်ကျပါပြီ။ယူ-18ကိုအားပေးကြစို ့။

Gu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။