မက္ကဆီကိုစီးတီးတွင် ပြုလုပ်သော နည်းပညာနှင့် အဆင့်မြင့်ပညာရေး မွန်တာရေးကျောင်းက သတင်းစာရှင်းလင်းပွဲတွင် ပါကစ္စတန် တက်ကြွလှုပ်ရှားသူနှင့် ပရာဟိတဆောင်ရွက်သူ မာလာလာက လူငယ်များသည် ဆိုရှယ်နက်ဝက်ခ်အကြောင်းဆွေးနွေးခဲ့ကြသည်။ဆိုရှယ်နက်ဝက်ခ်အသုံးပြုခြင်းသည် တန်းတူညီတူရှိမှု၊အမျိုးသမီးအခွင့်အရေးနှင့် ပညာရေးတို့ကဲ့သို့သော အကြောင်းကိစ္စရပ်များအားလုံးအတွက် အသုံးချ မာလာလာကတိုက်တွန်းခဲ့ပါတယ်။နိုဘယ်ဆုရှင်မာလာလာက လူမှုမီဒီယာများ မတူခွဲခြားမှုများ၏ အန္တရယ်ကိုလည်း သတိပေးခဲ့ပါသေးတယ်။

"အွန်လိုင်းမှ ခွဲခြားဆက်ဆံမှုများကို ဆက်တိုက် လုပ်ဆောင်ခံနေရပါက လူများအနေဖြင့် အမုန်းစိတ်ထား စဝင်လာတော့မည်ဖြစ်ကြောင်း၊ ဥပမာ မက်ဆီကန်များ၊ မွတ်စလင်များ၊ ကက်သလစ်များကို မတူသည့်အမြင်ဖြင့် မုန်းတီးစိတ် ထားရန် အစပျိုးလာတော့မည်ဖြစ်ကြောင်းလည်း"မလာလာကပြောကြားခဲ့ပါတယ်။နောက်ပြီး နည်းပညာကိုကျေးဇူးတင်သင့်ကြောင်း၊လူငယ်များသည် ၎င်းတို့ နိုင်ငံ၏ နိုင်ငံရေးတွင် ပိုမိုပါဝင်လာနိုင်အောင် နည်းပညာက ကူညီပေးနေသည်ဟု မာလာလာက ပြောသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ လူမှုမီဒီယာအကောင့်မှ ရေးသားပြောဆိုနေသော လူမျိုးရေးခွဲခြားသော မှတ်ချက်များနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် မာလာလာက ထရမ့်၏ အပြုအမူက မှားယွင်းသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

သတင်းအရင်းအမြစ်-AFP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။