မနက်ကယှဉ်ပြိုင်ကစားသွားတဲ့ ဂရိအသင်းနဲ့ ဘလ်ဂျီယံအသင်းတို့ပွဲစဉ်မှာ ဘလ်ဂျီယံအသင်းက အိမ်ရှင် ဂရိအသင်းကို ၂ ဂိုး ၁ ဂိုး အစောဆုံးနောက်တစ်ဆင့်ကိုတတ်ရောက်နိုင်ခဲ့တဲ့အသင်းလည်းဖြစ်ခဲ့ပါတယ်။ဘလ်ဂျီယံအသင်းဟာ အစောဆုံးနောက်တစ်ဆင့်ကိုတတ်ရောက်နိုင်ခဲ့တဲ့အသင်းလည်းဖြစ်ခဲ့ပါတယ်။ဘလ်ဂျီယံအသင်းဟာ လက်ရှိမှာ ရံှူးပွဲမရှိပဲ ရမှတ် ၂၂မှတ်နဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ ဂရိအသင်းကတော့ ရံှူးနိမ့်ခဲ့တာကြောင့် အဆင့် ၂ နေရာကနေဖယ်ပေးလိုက်ရကာ အဆင့် ၃ နေရာရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဘလ်ဂျီယံအသင်းဟာ ပွဲထွက်လူစာရင်းမှာ လူကာကူ ကို အထောင်တိုက်စစ်မှူးနေရာမှာထားကစားခဲ့ပြီး ဒရိုင်းမာတင်၊ ကာရက်စကို ၊ဒီဘရူနီ ၊ဖယ်လိုင်နီ ၊ဒမ်ဘီလီ စတဲ့ကစားသမားတွေကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဂရိအသင်းကတော့ အိမ်ကွင်းမှာ မာကျောတဲ့ ပုံစံပြသဖို့အတွက် ဇီကာ ၊မာနိုလက်၊ ဒိုနစ် အစရှိတဲ့ကစားသမားတွေကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ဘလ်ဂျီယံအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာယာရရှိခဲ့ပေမဲ့ ဂရီအသင်းရဲ့ တုံ့ပြန်အားကြောင့်ပထမပိုင်းမှာ ဂိုးမရှိသရေလဒ်နဲ့ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။

ဒုတိယပိုင်း မိနစ် ၇၀ အရောက်မှာတာ့ ဘလ်ဂျီယံအသင်းအတွက်အဖွင့်ဂိုးကို ဗာတွန်ဂန်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပွဲကအရမ်းမြန်ဆန်ခဲ့တာကြောင့် ၇၃ မိနစ်မှာပဲ အိမ်ရှင်ဂရိအသင်းအတွက် ချေပဂိုးကိုတော့ ဇီကာ က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။အိမ်ရှင်အသင်းရဲ့ အပျော်က တစ်မိနစ်တောင် မခံခဲ့ပါဘူး။၇၄ မိနစ်မှာတော့ ဘလ်ဂျီယံအသင်းအတွက် အနိုင်ဂိုးဖြစ်စေမဲ့ဂိုးကို လူကာကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဘလ်ဂျီယံအသင်းဟာ နောက်ပိုင်းမှာ ဟာဇတ် ၊ချက်ဒီတို့ ကို ထည့်သွင်းကစားခဲ့ပြီး ပွဲကိုထိန်းချူပ်ခဲ့ကာ အနိုင်ရလဒ်ကို ယူဆောင်သွားခဲ့ပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။