ဗန်ဟားသာဆက်ရှိနေမယ့်ဆိုရင် မန်ချက်စတာယူနိုင်တက်အသင်းက ယခုထက်ပိုကောင်းလာမယ်လို့ ရွန်းနီကပြောခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက်အသင်း၏ ကပ္ပတိန်ဟောင်းကြီးကတော့ ယခုလိုပြောလိုက်တာပါ။ ရွန်းနီဟာ နည်းပြ ဗန်ဟားအလှည့်မှာသာ ကပ္ပတိန်ဖြစ်လာတာပါ။ မန်ချက်စတာယူနို်င်တက်ပရိသတ် အချိ့ကတော့ နည်းပြ ဗန်ဟားကို သိပ်မကျေနပ်ပါဘူး။ 

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ၀ိန်းရွန်းနီ က နည်းပြ ဟောင်း ဗန် ဟား ဟာ အသင်းကို ပိုမိုကောင်းမွန်လာအောင် တည်ဆောက် ခဲ့တာဖြစ်ပြီး စာချုပ်ပြည့်တဲ့ အထိ ဆက် နေသွားနိုင် ခဲ့ မယ် ဆိုရင် အသင်းကို ပိုကောင်းလာစေလိမ့်မယ် လို့ ပြောဆိုသွားခဲ့ပါတယ် ။ လူးဝစ် ဗန်ဟား ဟာ ယူနိုက်တက် ကို ၃ နှစ် စာချုပ်ဖြင့် ကိုင် တွယ် ခဲ့တာဖြစ်ပြီး ဒုတိယ နှစ် အပြီးမှာ စာချုပ် ဖျက် သိမ်းခံခဲ့ရတာဖြစ် ပါတယ် ။ ဗန် ဟား လက် ထက် မှာ ယူနိုက်တက် ဟာ FA Cup ကို ဗိုလ်စွဲနိုင် ခဲ့ပြီး ဆာအဲလက်စ် အနားယူပြီးနောက် ပိုင်း ၃ နှစ် အတွင်းမှာ ပထမဆုံးဖလား ရယူနိုင် မှုဖြစ် ခဲ့ပါတယ် ။ ဒါပေမယ့် ရာသီအကုန် မှာတော့ အထုတ် ခံခဲ့ရပြီး ဟိုဆေးမော် ရင် ဟို နဲ့ အစားထိုးခံခဲ့ရပါတယ် ။  

“လူးဝစ် ( ဗန်ဟား ) ဟာ တကယ် အလုပ် လုပ် တဲ့သူပါ ။ သူသာ အသင်းမှာ ဆက် ရှိနေမယ် ဆိုရင် ယူနိုက်တက် ဟာ ပိုကောင်းလာလိမ့်မယ် လို့ ကျွန်တော် ယုံကြည် ပါတယ် ။ သူက အသင်းသားတစ်ယောက် ချင်းစီ ရဲ့ အချက် အလက် သေးသေးလေးတွေက အစ လိုက်ပြီး ဂရုစိုက် တက် တဲ့သူမျိုးပါ ။ ကွင်းထဲမှာရော ကွင်းပြင် မှာရောပေါ့ ။ ဗန်ဟား ရဲ့ ကောင်းတဲ့နောက် တစ် ချက် က အသင်းသားတွေရဲ့ အရည် အ သွေးကို ထိန်းထားနိုင် တာပါပဲ ။ နေ့တိုင်းလိုလို ကစားသမားတွေဆီက အ ကောင်းဆုံးစွမး်ရည်တွေကို ထုတ် ဖော် နိုင် ဖို့ တောင်းဆိုနေတဲ့ သူမျိုးပါ” လို့ ၀ိန်းရွန်းနီ က ပြောဆိုသွားခဲ့ပါတယ် ။ ဒါ့အပြင် လက် ရှိ နည်းပြ မော် ရင် ဟို ဟာလည်း ယူနိုက်တက် ကို အောင်မြင် အောင် စွမ်းဆောင်ပေးနိုင် လိမ့်မယ် လို့ ၀ိန်းရွန်းနီ က ထောက် ခံ ပြောဆိုသွားခဲ့ပါတယ် ။

Hein

Source – Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။