အရွယ်ရောက်လာရင် အချစ်ဆိုတဲ့အရာကလည်းဖြစ်ပေါ်တက်ကြပါတယ်။ရင်ခုန်လာမယ် စိတ်ဝင်စားလာမယ် crushလာမယ်ပေါ့။ဒါပေမဲ့ ရည်းစားစထားတော့မယ်ဆိုရင်တော့ဒီအချက်လေးတွေသိထားဖို့လိုပါတယ်။ဒီအချက်လေးတွေက ရည်းစားထားခါစမိန်းကလေးတွေအတွက် အထောက်အကူပြုပေးနိုင်မှာပါ။

(၁)သူပြောသမျှမယုံပါနဲ့

ကောင်လေးတွေကို ယုံသင့်သလောက်ယုံပါ။။ ဒါပေမယ့် တစ်ချို့အရာတွေကိုတော့ ဉာဏ်လေးနဲ့ ချင့်ချိန်ပြီး စဉ်းစားသင့်တယ်နော်။ လူ့စိတ်ဆိုတာ စက္ကန့်နဲ့အမျှ ပြောင်းလဲနေတာကြောင့် ၁၀၀% သူ့ကိုယုံကြည်လိုက်ရင် နောက်မှ နောင်တ အကြီးအကျယ်မရစေချင်လို့ပါ။

(၂) လူသိရှင်ကြားတွေမလုပ်ပါနဲ့

လူသိရှင်ကြားတွဲဒါဟာလည်း ကောင်းတယ်လို့ပြောရမလား မကောင်းဘူးလို့ပြောရမလား။လူတွေရဲ့အတွေးအခေါ်ဟာ ကိုယ်ထင်ထားတာထက်ကို ညစ်ပတ်တဲ့အတွက် သင်တို့လူသိရှင်ကြားတွဲတာကို နှိမ့်ကျပြောဆိုတာတွေရှိတက်ပါတယ်။သင်တို့အတွဲပြတ်သွားခဲ့ရင်လည်း လည်ညိုးပေါင်းတစ်ထောင်နဲ့ ဝိုင်းပြောကြမှာကိုမလိုလားလို့ပါ။

(၃) အပျိုစင်ဘဝကိုမပေးပါနဲ့

ဒါဟာ အရေးကြီးဆုံး အချက်ပါပဲ။ သင့်မှာရည်းစား ဆယ်ယောက်မက ထားခွင့်ရှိတယ်။ ကိုယ့်ဘဝအတွက် အကောင်းဆုံးသူကို ရွေးချယ်ပိုင်ခွင့် အပြည့်ရှိတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ သင့်ရဲ့ အပျိုစင်ဘဝကို မပေးမိပါစေနဲ့။

(၄) မကောင်းမှန်းသိရင်လက်လွှတ်ပါ

ရည်းစားမထားဖူးတဲ့ သင့်အဖို့ ရည်းစားဦးဆိုတာ အသက်လောက်ကို အရေးပါနေမှာကို နားလည်ပါတယ်။ ဒါပေမယ့် သူက မကောင်းတဲ့သူ၊ သင့်ကိုမချစ်တဲ့သူ၊ အကျိုးတစ်ခုခုကို မျှော်ကိုးပြီး ချစ်တဲ့သူ ဆိုတာကို သင်သိေနေရင် ဆက်ပြီး ဖက်တွယ်မနေသင့်တော့ပါဘူးနော်။

(၅) အချစ်ဟာဘဝတစ်ခုလုံးမဟုတ်ပါ

အချစ်ဟာ ဘဝတစ်ခုလုံးမဟုတ်ပဲ ဘဝရဲ့အစိတ်အပိုင်း တစ်ခုလေးသာဖြစ်ပါတယ်။ ဒါကြောင့် အချစ်ကြောင့်နဲ့ ဘဝရဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ၊ ဘဝအတွက် အရေးကြီးတဲ့ အရာတွေကို လက်မလွှတ်မိပါစေနဲ့။သင်တို့ချစ်ရတဲ့ ချစ်သူတွေ တစ်သက်တာ လက်တွဲနိုင်ကြပါစေ..........

သတင်းအရင်းအမြစ်-EM EM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။