မြန်မာယူ-18မိတ်ဆက်

ပရိသတ်ကြီးအနေနဲ့အောင်သူတို့ရဲ့မြန်မာယူ-22အသင်းကို

ရင်းနှီးကျွမ်းဝင်ပြီးဖြစ်ပေမယ့်ဝင်းနိုင်ထွန်းတို့ရဲ့ယူ-18ကိုတော့

အနည်းငယ်စိမ်းနေနိုင်တာကြောင့်ယူ-18အသင်း

ကိုအနည်းငယ်မိတ်ဆက်ပေးပရစေ။မြန်မာယူ-18

အသင်းကို 2016ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး

နည်းပြကဦးညီညီလတ်ပါ။အခုU-16နည်းပြပေါ့။

2016ဒီဇင်ဘာမှာတရုတ်မှာရှိတဲ့

ကမ္ဘာ့အကြီးဆုံးဘောလုံးသင်တန်းကျောင်းကိုသွားရောက်

လေ့ကျင့်ခဲ့ပါတယ်။

2017ဒီဇင်ဘာမှာဖီးနစ် A နဲ့ဖီးနစ်B ဆိုပြီးနှစ်သင်းခွဲပြီး

MNL-2မှာဖီးနစ်Aနဲ့MNL-U-18မှာဖီးနစ်Bကဝင်ကန်ပါတယ်။

2017 Aprilမှာဗီယက်နမ်ဖိတ်ခေါ်ဖလားပွဲ

သွားရောက်ယှဉ်ပြိုင်ပြီးရလဒ်မကောင်းတာကြောင့်

ဦးညီညီလတ်နေရာမှာပြင်သစ်နည်းပြမစ္စတာ

ဘန်လာဘီနဲ့အစားထိုးခဲ့ပါတယ်။

မစ္စတာဘန်လာဘီလက်အောက်မှာတရိပ်ရိပ်

တိုးတက်လာတဲ့မြန်မာယူ-18(သို့မဟုတ်)ဖီးနစ်ဟာ

အင်တာမီလန်ယူ-18ကိုတောင်သရေ

ကစားနိုင်ခဲ့ပါတယ်

နောက်ပြီးမနိုင်တာကြာပြီဖြစ်တဲ့

ထိုင်းယူ-18ကိုသူ့မြေသူ့ရေမှာပဲအနိုင်ကစားပြခဲ့ပြန်ပါတယ်။

လွန်ခဲ့တဲ့ဇူလိုင်လကတည်းကGoal Hotel

မှာနေထိုင်ရင်းစခန်းသွင်းလေ့ကျင့်နေတဲ့ယူ-18ရဲ့

အဓိကမျှော်မှန်းချက်ကဒီနေ့စတင်ကျင်းပနေပြီ

ဖြစ်တဲ့အာဆီယံယူ-18ပြိုင်ပွဲမှာဗိုလ်စွဲဖို့နဲ့နောက်တစ်ကြိမ်

ကမ္ဘာ့ဖလားအောင်မြင်ဖို့ပင်။အောင်သူတို့ကို

အားပေးကြသလိုပဲဝင်းနိုင်ထွန်းတို့ကိုလည်းအားပေး

ကြပါဦးစို့.....

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။