ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO က Depression ကို ကမ္ဘာလုံး ဆိုင်ရာ ပြဿနာ( Global Crisis) လို့တောင်ခေါ်ဝေါ် ရလောင်အောင် Depression ရဲ့ ဆိုးကျိူး တွေက များပြားလှ ပါတယ်။ ကမ္ဘာတစ်ဝှမ်း လူ သန်းပေါင်း ၃၀၀ ကျော်ဟာ Depression စိတ်ကျရောဂါ ကို ခံစား နေရပါတယ်။ နောက်ဆက်တွဲ့ ပြဿနာ တွေ အနေနဲ့ကိုယ့် ကို ကိုယ် သတ်သေခြင်း (Suicide) နဲ့ကိုယ်လက် အဂါံ ဆုံးရှုုံး ခြင်း စတဲ့ကြီးမား တဲ့ဆိုးကျိူးတွေ ကို လဲ ဖြစ်ပေါ် စေပါတယ်။ ဒါပေမယ့် Depression လို့ခေါ်တဲ့စိတ်ရောဂါ့ ပြဿနာ ဟာ ကုသလို့ရတဲ့အရာတစ်ခုပါ။ 

Depression ရဲ့လက္ခဏာများ

အတွေ့များတဲ့ Depression ရဲ့လက္ခဏာ တွေ ကတော့

၁။ မကြာခဏ ဝမ်းနည်းတတ်ခြင်း၊ ပူပန်တတ်ခြင်း။

၂။ Empty mood ခေါ် ဘာမှမရှိ ဘယ်သူမှအနား မှာ မရှိသလို ခံစားရတတ်ခြင်း။

၃။ မျှော်လင့် ချက် မဲ့နေ သလို ခံစားရခြင်း။

၄။ အဆိုး မြင်တတ်လာခြင်း။

၅။ အလိုမကျဖြစ်တတ်ခြင်း။

၆။ အပြစ်ရှိသည်ဟု ခံစားရခြင်း၊ ကူရာကယ်ရာ မရှိ ခံစားရခြင်း။

၇။ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိခြင်း။ ( ဝါသနာ ပါသော အရာများ အပါအဝင်)

၈။ လိင်မှုဆိုင်ရာ ကိစ္စများ သိသိသာသာလျော့နည်းလာခြင်း။

၉။ အာရုံ စူးစိုက်လို့မရခြင်း၊ မေ့လျော့တတ်လာခြင်း၊ တုန်လှုပ်မှုများလာခြင်း။

၁၀။ စွမ်းအင်ကုန်ခမ်း သလိုအမြဲဖြစ်နေခြင်း၊ လှုပ်ရှားမှုများနှေးကွေးလာခြင်း။

၁၁။ အပ်မပျော်ခြင်း(သို့မဟုတ်) အလွန်အကျွံ့အိပ်ခြင်း၊ မကြာခဏ အိပ်ရာမှ နိုးခြင်း။

၁၂။ စားမဝင်၊ စားလို့မကောင်း ဖြစ်ခြင်း၊ ဝိတ် ကျလာခြင်း။

၁၃။ မကြာခဏ ခေါင်းကိုက်ခြင်း၊ အစာမကြေ အစာအိမ်အောင့်ခြင်း။

၁၄။ Suicide Case များ ကို ပိုမိုစိတ်ဝင်စားလာခြင်း၊ Suicide လုပ်ရန်တွေးတော ကြံစည်ခြင်း။

၁၅။ Suicide လုပ်ရန်ကြိုးစားခြင်း တို့ဖြစ်ပါတယ်။ 

ပတ်ဝန်းကျင်ရိုက်ခတ်မှုတွေ၊ ငွေရေးကြေးရေးပြဿနာ၊ လုပ်ငန်းခွင်၊ ကျောင်း၊ မိသားစု ဝန်းကျင်တွေမှာ အဆင်မပြေခြင်း စတဲ့လူမှုဘဝရဲ့ အခက်အခဲတွေ ဟာ Depression ကို အဓိကဖြစ်စေပါတယ်။

ဒါ့ပြင် Life Events တွေ ဖြစ်တဲ့လိင်ပိုင်းဆိုင်ရာနှင့်ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေ၊ ပတ်ဝန်းကျင်ရဲ့

ပြစ်ပယ်ခံရမှုတွေ၊ အိမ်ထောင်ကွဲခြင်း၊ အလုပ်ပြုတ်ခြင်း၊ စာမေးပွဲကျခြင်း၊ ရောဂါကြီးကြီးမားမား ဖြစ်ကြောင်းသိရှိခြင်း၊ ချစ်ခင်ရသူတွေဆုံးရှုံးခြင်း၊ သွေးဆုံးခြင်း အစရှိတာတွေကလည်း Depression Disorder တွေဖြစ်ပေါ်စေတဲ့အဓိက အကြောင်းအရာတွေပါ။

တစ်ဦးတည်း သီးသန့်ခွဲထွက်နေတတ်ခြင်း၊ အလုပ်တွင် အလွန်အကျွံ့နှစ်မြုပ်ခြင်း၊ အိပ်ရေး မကြာခဏပျတ်ခြင်း အစရှိတာတွေက Depression ဖြစ်စေနိုင်သလို ၊ ရှိပြီးသားသူတွေကိုလည်း ပိုဆိုးစေပါတယ်။

အရက်စွြဲခင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း တွေကလည်း Depression နဲ့ကြီးကြီးမားမား ဆက်စပ်နေပါတယ်။

ဟော်မုန်းဆေးတွေနဲ့အချို့သော ဆေးဝါးတွေကလည်း Depression ကို ဖြစ်စေနိုင်ပါသေးတယ်။

အသက်အရွယ်အား့ဖင့်ဆိုရင်တော့ကလေးသူငယ်တွေ နဲ့ဆယ်ကျော်သက် အရွယ်တွေဟာ Depression ရဲ့ Impact တွေကိုပိုမိုခံစားရလွယ်ပါတယ်။ အဲဒီ အရွယ်တွေမှာ Depression စတင်ခံစားရပြီဆိုရင်လည်း ဘဝတစ်လျှောက်မှာ နောက်ထပ်ဖြစ်နိုင်ချေ ပိုမိုမြင့်မားပါတယ်။

Source – ကျန်းမာရေးဗဟုသုတ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။