Mercedes-AMG E63 S Wagon

ဒီ မာစီဒီး ၀က်ဂွန်ဟာ all wheel-drive အမျိုးအစားဖြစ်ပြီး မြငး်ကောင်ရေ ၆၀၀ အားရှိတဲ့ twin-turbo V8 ကို အသုံးပြုထားပါတယ်။ အတွင်းပိုင်းအနေနဲ့ကတော့ အပူ အအေး လေအေးပေးစက်တွေကို တပ်ဆင်ထားပြီး ကြီးမား ကြည်လင်ပြတ်သားတဲ့ touch screen ပါရှိလာပါတယ်။ ကားအတွင်း အသံပိုင်း အနေနဲ့လညး် 3D sound system တွေကိုတပ်ဆင် ထားပါတယ်။

BMW M5

ဒီ BMW M5 ဟာလည်း all wheel-drive အမျိုးအစားဖြစ်ပြီး ကားကိုမောင်းနေစဉ် တည်ငြိမ်မှုရှိစေ ရန်အတွက် electronic stability control စနစ်တွေကိုတပ်ဆင်ထားပါတယ်။ မြင်းကောင်ရေအား ၆၀၀ ရှိပြီး တစ်နာရီကို ၁၈၉မိုင် အမြန်ဆုံးမောင်းနှင်နိုင်ပါတယ်။ အတွင်းပိုင်းအနေနဲ့ လည်း heated leather sport seats တွေကိုတပ်ဆင်ထားတာကြောင့် မောင်းနှင်သူကိုသက်တောင့်သက်သာ ရှိစေမှာဖြစ်ပါတယ်။

Audi A8

Audi ရဲ့အသစ်စက်စက် ကားဟာ လုံးဝပုံစံပြောင်းလဲပြီး ထုတ်လုပ်ထားတာကိုတွေ့ရပါတယ်။ ဒီကားမှာ နောက်ဆုံးပေါ်နည်းပညာ တွေကို လညး်ထည့်သွငး်ထားပါတယ်။ Highway လမ်းပေါ်မှာ တစ်နာရီကို ၃၇မို်င်နှုန်းသွားနေစဉ် ဒီကားဟာ self control လုပ်ပေးနိုင်ပါတယ်။ ဒီကားဟာ hybrid အမျိုးအစား ဖြစ်ပြီး 48-volt electrical system ကိုအသုံးပြုထားပါတယ်။

Audi A5 and S5 Sportback

ဒီကားဟာ လူကားယောက်စာ စီးနိုင်မှာဖြစ်ပြီး အတွင်းပိုင်းမှာ leather တွေ ခေတ်မှီ နည်းပညာတွေ တပ်ဆင်ထားတာ ကြောင့် သက်တောင့်သက်သာရှိစေမှာပါ။ ပါ၀င်တဲ့ နည်းပညာတွေကတော့ Apple CarPlay, Android Auto, Bluetooth, and voice control စနစ်တွေပဲဖြစ်ပါတယ်။

Mercedes-Benz E-Class Cabriolet

ဒီကားရဲ့ထူးခြားချက်ကတော့ လည်ပင်းနေရာတဝိုက် လေပူပေးစက်တပ်ဆင်ပေးထားတာကြောင့် အေးခဲနေတဲ့ ရာသီဥတုမှာ ပါသက်တောင့်သက်သာရှိစေမှာပါ။ Two twin-turbo engines တွေကိုတပ်ဆင်ထားပြီး မြင်းကောင်ရေ ၃၂၉ အား V6 ရော မြင်းကောင်ရေ ၄၀၂ အားရှိ V8 အင်ဂျင်နှစ်မျိုး လုံးထုတ်လုပ်ထားပါတယ်။ ၁၂.၃ မျက်နှာပြင်ရှိ touchscreen display ပါ၀င်လာမှာဖြစ်ပြီး သီချင်းနားထောင်ခြင်း hand-free calling service တွေပါ၀င်လာပါတယ်။

source: msn entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။