ဘရာဇီး ဂန္တဝင်ကစားသမား ပီလီကတော့ နေမာကို ချီးကျူးသုံးသပ်သွားခဲ့ပါတယ်။ နေမာသည် လောဆယ်တွင် ကမ္ဘာစျေးအကြီးဆုံး ကစားသမားအဖြစ်ရပ်တည်နေသည်။ ပြင်သစ်လိဂူးကလပ် ပီအက်စ်ဂျီအနေဖြင့် နေမာကို ဘာစီလိုနာထံမှာ ပြောင်းရွှေ့ကြေး ပေါင်၂၂၂သန်းဖြင့်ခေါ်နိုင်ခဲ့တာဖြစ်သည်။ နေမာအနေဖြင့်လည်း လက်ရှိအချိန်တွင် ပီအက်စ်ဂျီတွင် ခြေစွမ်းပြနေသည်။ 

ထို့ကြောင့် ပီလီက တစ်နိုင်ငံသားနေမာကို ဘလွန်းဒီအောဆု ရနိုင်သည်ဟု ချီးကျူးခဲ့တာပါ။ ဘရာဇီးဂန္တဝင်ကစားသမားကြီးပီလီက "နေမာဟာ ရီဗယ်ဒို ကာကာ ရော်နယ်ဒင်ညို ရော်နယ်ဒို တို့လိုပဲဘလွန်ဒီအောဆုကိုရရှိနိုင်မယ့်ဘရာဇီးကစားသမားဖြစ်လာနိုင်ပါတယ်။ နေမာလိုအပ်နေတာကဘောလုံးသူ့ခြေထောက်မှာရှိနေဖို့ပါ။ နေမာအပြင် ဖိလစ်ပီကော်တင်ညိုဟာလည်းကျွန်တော်တို့စောင့်ကြည့်သင့်တဲ့သူဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့သူဟာလီဗာပူးအတွက်ထူးချွန်စွာကစားခဲ့သူပါ။ ဒါပေမယ့်ဒီအချိန်မှာတော့နေမာဟာဘလွန်ဒီအောဆုကိုရရှိနိုင်မယ့်သူဆိုတာသံသယဖြစ်စရာမလိုပါဘူး။" လို့ပြောသွားပါတယ်။

နေမာကတော့ လောဆယ်အချိန်တွင် ကာဗာနီနှင့်အတူ တိုက်စစ်မှာ တွဲဖက်ကစားနေပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီဟာ ဘာပေးကိုလဲခေါ်ယူနိုင်ထားပါတယ်။ ဘာပေးကိုခေါ်ယူလိုက်ခြင်းဖြင့် ပီအက်စ်ဂျီအနေဖြင့် ချန်ပီယံလိဂ်တွင် အသင်းကြီးများကို ယှဉ်နိုင်တော့မည့် တိုက်စစ်ကို ပိုင်ဆိုင်လာပြီဖြစ်သည်။ ပီအက်စ်ဂျီအသင်းမှာ ဂိုးသွင်းကောင်းသည့် ကာဗာနီ ရှိပြီးသားမို့ နောက်ထပ် ရောက်လာတဲ့ နေမာနှင့်ဘာပေး ၃ယောက်ပေါင်းကာ တိုက်စစ်ခြေစွမ်းကောင်းတွေကို ပီအက်စ်ဂျီ ပြနိုင်တော့မှာ အမှန်ပါပဲ။

Hein

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။