အာဆင်နယ်ကစားသမား ချိန်ဘာလိန်ကို လီဗာပူးအသင်းက ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ချိန်ဘာလိန်အတွက် လီဗာပူးအသင်းသည် ပေါင် ၃၅သန်းဖြင့် ခေါ်ခဲ့တာပါ။ ကွင်းလယ်လူ ချိန်ဘာလိန်သည် အာဆင်နယ်အသင်းသို့ ၂၀၁၁ကပြောင်းလာခြင်းဖြစ်သည်။ ချိန်ဘာလိန်သည် ဆောက်သမ်တန်အသင်းမှ အာဆင်နယ်သို့ ပြောင်းလာသူဖြစ်သည်။  

ချိန်ဘာလိန်သည် အာဆင်နယ်အတွက် ပွဲ၁၃၀ကစားကာ ၉ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ချိန်ဘာလိန်နှင့် အာဆင်နယ်သည် တစ်နှစ်စာချုပ်သာ ကျန်ရှိတော့သူဖြစ်သည်။ ချိန် ဘာလိန် ဟာ အာဆင်န ယ် မှာ တောင် ပံ ကစားသမားအဖြစ် ကစားခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် ချိန်ဘာလိန်အနေဖြင့် ကွင်းလယ်လူ အဖြစ် ကစားလိုခြင်းက လီဗာပူးထံ ပြောင်းရွှေ့လာရခြင်းရဲ့အ ကြောင်းတရားတစ် ခုဖြစ် တယ် လို့ သိရပါတယ် ။ ယခုအခါ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ချိန်ဘာလိန်ဆီကအကောင်းဆုံးအရာတွေကိုကလော့ထုတ်ယူနိုင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ 

လီဗာပူးအသင်းခေါင်းဆောင်ဂျော်ဒန်ဟန်ဒါဆင်ကနွေရာသီအပြောင်းအရွေ့ရဲ့နောက်ဆုံးရက်မှာအာဆင်နယ်ကနေပြောင်းရွေ့ကြေးပေါင်၃၅သန်းနဲ့ရောက်ရှိလာခဲ့တဲ့ ချိန်ဘာလိန်ကိုနည်းပြယာဂန်ကလော့အနေနဲ့ဒီထက်ပိုမိုတိုးတက်လာအောင်ကူညီပေးနိုင်လိမ့်မယ်လို့ယုံကြည်နေပါတယ်။ဟန်ဒါဆင်က "ကလော့ကိုကွင်းဘေးစည်းမှာမြင်တွေ့ဖူးမှာပါ။ သူဟာဆန္ဒအလွန်ပြင်းပြပြီးကောင်းမွန်တဲ့နည်းပြတစ်ဦးပါ။ သူချိန်ဘာလိန်ကိုအများကြီးကူညီပေးနိုင်မှာပါ။ သူဟာချိန်ဘာလိန်ကိုကစားသမားတစ်ဦးအနေနဲ့တိုးတက်လာစေမယ့်အပြင်သူ့ဆီကနေအကောင်းဆုံးအရာတွေကိုအရင်ကထက်အများကြီးမြင်တွေ့ရမယ်လို့မျှော်လင့်ပါတယ်။ သူလီဗာပူးနဲ့စာချုပ်ချုပ်ခဲ့လို့ကျွန်တော်အလွန်ဝမ်းမြောက်မိပါတယ်။" လို့ပြောသွားပါတယ်။

Hein

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။