မြန်မာနဲ့ကာဂျစ္စတန်ပွဲရွှေ့ဆိုင်း

မနက်ဖြန်ညမှာယှဉ်ပြိုင်ကစားမယ့်မြန်မာနဲ့ကာဂျစ္စတန်

တို့ရဲ့အာရှဖလားခြေစစ်ပွဲကိုရွှေ့ဆိုင်းလိုက်ပါတယ်။

ပွဲရွှေ့ဆိုင်းဖို့အတွက် ကာဂျစ္စတန်ဘောလုံးအဖွဲ့ချပ်က

အာရှဘောလုံးအဖွဲ့ချုပ်ကိုတောင်းဆိုခဲ့တယ်လို့

သိရပါတယ်။ကာဂျစ်အဖွဲ့ချုပ်ရဲ့အကြောင်းပြချက်

ကတော့လုံခြုံရေးစိတ်ချရခြင်းမရှိလို့လို့ဆိုပါတယ်။

အဆိုပါကိစ္စရပ်နဲ့စပ်လျဉ်းပြီးအာရှဘောလုံးအဖွဲ့ချုပ်

AFCကမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်MFFကို

မေတ္တာရပ်ခံခဲ့ရာMFFကသဘောတူခဲ့ပြီး

ပွဲကိုတရားဝင်ရွှေ့ဆိုင်းခဲ့ပါတယ်။အဲ့ဒီအကြောင်းကို

MFF Facebook စာမျက်နှာကတဆင့်

အခုပဲကြေငြာခဲ့ပြီးပရိသတ်ကြီးကိုတောင်းပန်ခဲ့ပါတယ်။

မနက်ဖြန်ပွဲကိုမျှော်နေကြတဲ့ ပရိသတ်ကြီး

အတွက်တော့စိတ်ပျက်စရာဖြစ်ခဲ့မှာပါ။

ဒါပေမယ့်မကြာခင်မှာပဲAFCကပွဲပြန်လည်

ကစားမယ့်ရက်ကိုထုတ်ပြန်ပေးသွားမယ်လို့

သိရပါတယ်။နောက်ဆုံးရသတင်း

တွေကိုလည်းကျွန်တော်တို့ထပ်မံတင်ပြပေး

သွားပါမယ်ခင်ဗျာ။

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။