အသက်ရှည်ဖို့အတွက် ရေလိုအပ်တဲ့အပြင် ကျန်းမာရေးအတွက်ရေဟာ များစွာအထောက်အကူပြုပါတယ်။ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းများနှင့် လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာပြုလုပ်နိုင်ရန်အတွက် ရေဟာမရှိမဖြစ်လိုအပ်ပါတယ်။

၁။ အိပ်ယာထထချင်း ရေသောက်ပါ။ အိပ်နေတဲ့ အချိန်အတွင်းမှာ ခန္ဓာကိုယ်က ရေဓါတ် ဆုံးရှုံးနေပါတယ်။ ဒါကြောင့် မအိပ်ခင်ရေသောက်၊ အိပ်ယာထ ရေသောက်ပေးပါ။ မနက်နိုးထလာတဲ့ အချိန်မှာပုံမှန်အားဖြင့် ရေဆာနေတတ်ပါတယ်။ မနက်ခင်း နိုးနိုးချင်းမှာ ရသောက်ပေးခြင်းဖြင့် တညလုံး စုဆောင်းထားတဲ့ ကိုယ်တွင်းအဆိပ်အတောက်တွေကို ထုတ်ပစ်ရာလည်းရောက်ပါတယ်။

၂။ တနေ့ကို ရေ(၈)ခွက်ကနေ (၁၂)ခွက်ကြား သောက်ပေးပါ။ ပေါင်(၁၂ဝ)ရှိတဲ့ လူတစ်ယောက်ဟာ တနေ့ရေ (၈) ခွက်သောက်ဖို့ လိုအပ်ပြီး ပေါင် (၁၉ဝ)ရှိတဲ့ လူတယောက်ဟာ(၁၂) ခွက်သောက်ဖို့ လိုအပ်ပါတယ်။ ဆီးအရောင်ကို အမြဲတမ်းစောင့်ကြည့်ပေးပါ။ ဆီးအရောင်ဟာ အရောင်ဖျော့ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် တနေ့ကိုအလွန်ဆုံး ရေ (၁၆) ခွက်ထက်ပိုမသောက်သင့်ပါဘူး။

၃။ တနေကုန် ရေတစပ်စပ်သောက်ပေးပါ။ တခါတည်း ရေနှစ်ဖန်ခွက်သောက်ပေးခြင်းထက် ရေနည်းနည်းစီကို ခဏခဏ သောက်ပေးခြင်းဟာ ပိုပြီးကောင်းတဲ့နည်း ဖြစ်ပါတယ်။ နှလုံးရောဂါရှိသူတွေအဖို့ နှလုံးဖိအားကို ကျဆင်းစေပါတယ်။ သာမန်လူတွေအဖို့ ခန္ဓာကိုယ်က ရေဓါတ်ကိုပိုမို စုပ်ယူနိုင်စေပါတယ်။

၄။ ရေဆာမှ ရေသောက်တာမျိုး မလုပ်ပါနဲ့။ ရေဆ နေပြီလို့ ခံစားလိုက်ရတဲ့ အချိန်မှာ လူတစ်ယောက်ဟာ လိုအပ်တဲ့ ကိုယ်တွင်းရေပမာ (၂) ခွက်အောက် လျော့နည်းနေပါပြီ။ သက်ကြီးပိုင်းတွေက ကိုယ်တွင်းရေလိုအပ်မှုကို ပိုပြီးခံစားသိရှိမှု နည်းပါးကြပါတယ်။

၅။ အအေး၊ အရက်၊ ကော်ဖီ စတာတွေ မသောက်ပါနဲ့ ရေပဲသောက်ပါ။ လက်ဖက်ရည်၊ ဆော်ဒါ၊ ကော်ဖီ စတာတွေဟာ ရေဓါတ် ပိုမိုကုန်ခမ်း စေနိုင်တယ်လို့ ကျွမ်းကျင်သူ တချို့ကဆိုပါတယ်။ အရက်သောက်ခြင်းဟာ ဆီးကိုပိုမိုသွားစေတာကြောင့် ရေဓါတ်ကုန်ဆုံးမှုကို ဆိုးဝါးစွာဖြစ်စေပါတယ်။

၆။ ကလေးသူငယ်တွေကိုလည်း ရေသောက်တတ်အောင် လေ့ကျင့်ပေးပါ။ ကလေးတွေအတွက် ရှေ့ဆောင်လမ်းပြအနေနဲ့ ရေတူတူသောက်ပေးပါ။

၇။ ပူပြင်းတဲ့ အချိန်အခါမှာ ရေပိုသောက်ပါ။

၈။ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ ရေဓာတ်ပိုမိုကုန်ခမ်းသွားတာကြောင့် ရေပိုသောက်ပါ။ လေ့ကျင့်ခန်းလုပ်ချိန် နာရီဝက်နဲ့တစ်နာရီကြားဆိုရင် ရေ (၅ဝဝ) မီလီလီတာ ပိုသောက်ပါ။

၉။ ဖျားနာနေရင် ရေပိုသောက်ပါ။ ခန္ဓာကိုယ်ဟာ ဗိုင်းရပ်စ်ကူးစက်မှုကနေ ပြန်လည်ကောင်းမွန်လာစေဖို့အတွက် ရေဓာတ်ကိုပိုမိုလိုအပ်နေတဲ့ အချိန် ဖြစ်တဲ့အတွက် သောက်ချင်စိတ်မရှိပေမယ့်လည်း သောက်ပါ။ ရေဓာတ် မလုံလောက်ရင် ဝေဒနာတာရှည်သွားမှာ ဖြစ်ပါတယ်။

၁ဝ။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ရေပိုသောက်ပေးပါ။ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန် စတဲ့ အချိန်တွေမှာ ရေဓာတ် လုံလုံလောက်လောက် ရှိနေစေဖို့အတွက် ရေသောက်ဖို့လိုအပ် နေပါတယ်။ ကိုယ်ဝန်သည်တစ်ဦးဟာ တနေ့ကိုရေ (၁ဝ) ခွက်လောက် သောက်သင့်ပြီး၊ နို့တိုက်မိခင် တစ်ဦးဟာ တစ်နေ့ကိုရေ (၁၃) ခွက်လောက် သောက်သင့် ပါတယ်။

Source - Actinex

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။