မန်ချက်စတာယူနိုင်တက်ကတော့ ချန်ပီယံလိဂ်ဝင်ကန်မည့် အသင်း၏ လူစာရင်းကို ထုတ်ပြခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက်ကတော့ အသစ်ပြန်လည်ခေါ်ယူထားတဲ့ အီဘရာဟီမိုဗစ်ကို လူစာရင်းထဲမှာ ထည့်ထားခဲ့ပါတယ်။ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကတော့ ဒဏ်ရာကနေ ယခုထိပြန်လည်မသက်သာသေးပါဘူး။ သို့ပေမယ့် မန်ချက်စတာယူနိုင်တက်နည်းပြ မော်ရင်ဟိုကတော့ မိုဗစ်ကို လူစာရင်းထဲ ထည့်ထားခဲ့တာပါ။

ဒါ့အပြင် လူငယ်ကစားသမားတွေဖြစ်တဲ့ ဂျိမ်းဝီလ်ဆင်၊ ဂျိုအယ် ပါရဲရား ၊ တွမ် ဇီဘီ နှင့် တော် မီနေးတို့ကို ထည့်သွင်းထားပါတယ်။ နည်းပြမော်ရင်ဟိုအနေဖြင့် မန်ချက်စတာယူနိုင်တက်အသင်းကို ပြန်လည် တည်ဆောက်နေတာပါ။ မော်ရင်ဟိုကတော့ ချန်ပီယံလိဂ်ဖလားထက် ပြည်တွင်းအင်္ဂလန်ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ပိုမိုရယ်ရွယ်ထားပုံရပါတယ်။ မန်ချက်စတာယူနိုင်တက် နည်းပြဟောင်း ဖာဂူဆန်ကတော့ မန်ချက်စတာယူနိုင်တက်အသင်း ချန်ပီယံလိ်ဂ်ဖလားရယူလိုပါက ရီးရဲမက်ဒရစ်အသင်းကို အဓိက ကျော်ဖြတ်ရမည်ဟု ပြောဆိုထားပါတယ်။

မန်ချက်စတာယူနိုင်တက် အသင်း၏ ချန်ပီယံလိဂ်လူစာရင်းမှာ -

ဂိုး - ဒီဂီယာ ။ ရိုမဲရိုး

နောက်တန်း - ဗလင် စီယာ ။ ရိုဟို ၊ ဘိုင် လီ ။ စ မောလင်း ။ ဂျုံးစ် ။ လင် ဒီလော့ဖ် ။ ဒါမီယန် ။ ရှော

အလယ် တန်း - ပေါ့ဘာ ။ ဟာရဲရား ။ မာတစ် ။ ဖယ် လေ နီ ။ ကာရစ် ။ ယန်း ။ လင် ဂတ်

ရှေ့တန်း - မစ် ခီတာရမ် ။ မာတာ ။ မာရှယ် ။ လူကာကူ ။ ဇလာတန် ။ ၀ီလ် ဆင်

B List - ဂျိုအယ် ပါရဲရား ။ တွမ် ဇီဘီ ။ တော် မီနေး ။ ရက် ဖိုဒ့်

Hein

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။