ဟာရီကိန််း မုန်တိုင်း Irma ဟာ ယခုအခါပြင်းအား အဆင့် ၄ ကိုရောက်ရှိနေပြီး မုန်တို်င်း ဟာလာမယ့် နေ့တွေမှာ ပိုမိုအားကောင်းလာဖွယ် ရှိပြီး အနောက်ဘက်သို့ ဦးတည်ရွေ့လျားဖွယ်ရှိနေပါတယ်။ ရာသီဥတု ပတ်ဝန်းကျင်အခြေအနေများကလည်း ဟာရီကိန််း မုန်တိုင်း Irma ကို ထူးခြားအဆင့် အဆင့် ၅ သို့ ကူးပြောင်းအောင် အထောက်အကူပေးလျက်ရှိနေပါတယ်။ လာမယ့် ၅ ရက် အတွင်း the Leeward Islands, Puerto Rico, the Dominican Republic, Haiti and the Bahamas နိုင်ငံတို့ဟာ စိုးရိမ်ဖွယ် အခြေအနေမှာရှိနေပါတယ်။

မုန်တိုင်း ဗဟိုချက် ဟာ Leeward Islands ရဲ့ အရှေ့ဘက် မိုင် ၄၁၀ ခန့်ကိုရောက်ရှိ နေပါတယ်။ မုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီကို ၁၄၀ မိုင်ရှိပါတယ်။ အမျိုးသား ဟာရီကိန်း ဗဟိုဌာန ကတော့ မုန်တိုင်း ဟာ ဗုဒ္ဓဟူးနေ့မှာ Leeward Islands ကိုဖြတ်ကျော်ဝင်ရောက် ပြီး Bahamas ရဲ့အရှေ့ဘက်ကို သောကြာနေ့မှှာ ရောက်ရှိလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။

ပညာရှင်များ ခန့်မှန်းချက်အရ မုန်းတိုင်းလမ်းကြောင်းဟာ အမေရိကန် အရှေ့ဘက် ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်နိုင်သလို တခြားလမ်းကြောင်း ကိုလည်းဖြတ်သန်းနိုင်ခြေရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။ အရှေ့ဖက်ကမ်းခြေ မှာ နေထိုင်ကြတဲ့ အမေရိကန်နိုင်ငံသားတွေ အနေနဲ့ မုန်တိုင်းသတင်းကို အမြဲနားစွင့် ကြဖို့ တိုက်တွန်းထားပါတယ်။

Source: Washington post

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။