မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ အာမေးနီယားအသင်းနဲ့ ဒိန်းမက်အသင်းပွဲစဉ်မှာ ဒိန်းမက်အသင်း ၄ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ကာ လိုအပ်နေတဲ့ ၃ မှတ်ကို ရယူနိုင်ခဲ့ပါတယ်။အုပ်စုအဆင့်အောင်မြင်ဖို့အတွက် အမှတ်လိုအပ်နေတဲ့ ဒိန်းမက်အသင်းအတွက် အမှားမခံတဲ့ပွဲလည်းဖြစ်တာလည်းဖြစ်ပါတယ်။လက်ရှိအုပ်စုအဆင့်မှာ ဒိန်းမက်အသင်းဟာ အဆင့် ၃ နေရာမှာရပ်တည်နေပြီး အဆင့် ၂ နေရာက မွန်တီနီဂရိုးနဲ့ ရမှတ်တူညီနေခဲ့တာလည်းဖြစ်ပါတယ်။အုပ်စုအဆင့် ၁ မှာ ပိုလန်အသင်းက ရပ်တည်နေတာလည်းဖြစ်ပါတယ်။

အာမေနီးယားအသင်းဟာ အုပ်စုအဆင့်ကိုအောင်မြင်ဖို့မသေချာတော့ပေမဲ့ အိမ်ကွင်းမှာ သိက္ခာဆယ်နိုင်ဖို့အသင်းရဲ့လူစာရင်းမှာ အမ်ခီတာယန် ၊ ကိုရန် ၊ အဒမ်ယမ် တို့ကို ပွဲထုတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒိန်းမက်အသင်းကတော့ အမှတ်လိုအပ်နေတဲ့အသင်းဖြစ်တာကြောင့် အသင်းရဲ့တောင့်တင်းတဲ့ လူစာရင်းဖြစ်တဲ့ အဲရစ်ဆင် ၊ဒီလာနေး ၊စတဲ့ကစားသမားတွေကို ပွဲထုတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒိန်းမက်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ်သာ အသာရရှိခဲ့ပေမဲ့ ထိရောက်တဲ့ ကန်ချက်တွေကြောင့် ဒီနေ့ပွဲမှာ ဂိုးပြတ်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းပွဲစလို့ ၆ မိနစ်မှာပဲ အာမေနီးယားအသင်းဟာ အဖွင့်ဂိုးစတင်ရရှိခဲ့ပြီး ထိုဂိုးကိုတော့ ကိုရန်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၁၆ မိနစ်မှာတော့ ဒိန်းမက်အသင်းအတွက် ချေပဂိုးကို ဒီလာနေ ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၂၉ မိနစ်မှာတော့ အဲရစ်ဆင် က အသင်းအတွက်ဦးဆောင်ဂိုးသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပွဲအပြီးမှာ ၂ ဂိုး ၁ ဂိုးနဲ့ ဒိန်းမက်အသင်းက ဦးဆောင်နေခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ ဒီလာနေက သူရဲ့ ဟတ်ထရစ်ဂိုးတွေအဖြစ် ၈၁ မိနစ် နဲ့ ၉၀+၃ မိနစ်မှာခြေစွမ်းပြဂိုးတွေသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။