မနက်ကယှဉ်ပြိုင်ကစားသွားတဲ့ ပိုလန်အသင်းနဲ့ကာဂျစ်စတန်ပွဲစဉ်မှာ အိမ်ရှင်ပိုလန်အသင်းက အမှားအယွင်းမရှိခဲ့ပဲ ၃ ဂိုး ၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး  ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။ပိုလန်အသင်းက ပြီးခဲ့တဲ့ ပွဲစဉ်တုန်းက ဒိန်းမက်အသင်းကို ရံှူးနိမ့်ခဲ့တာကြောင့် ဒီနေ့ပွဲမှာအမှားအယွင်းမခံ ခဲ့ပဲ အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့နိုင်ပွဲကြောင့်ပိုလန်အသင်းဟာ ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၁ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။

ပိုလန်အသင်းဟာ ဒီနေ့ပွဲမှာတောင့်တင်းတဲ့လူစာရင်းဖြစ်တဲ့ လီဝန်ဒေါစကီး ၊မီလစ် ၊ပစ်ဇက် ၊ဖေဘီယန်စကီး၊ တို့ကို ထည့်သွင်းအသုံးပြုခဲ့ပြီး ပွဲထွက်လာခဲ့တာလည်းဖြစ်ပါတယ်။ကာဂျစ်စတန်အသင်းကတော့ ပွဲထွက်စာရင်းမှာ လိုရီယာ ၊ဒီမီထရန်ကို ၊ လော့ဗင်နန်ကို တို့ကို ထည့်သွင်းအသုံးပြုခဲ့ပြီး ပွဲထွက်လာခဲ့တာလည်းဖြစ်ပါတယ်။ပိုလန်အသင်းဟာ ကာဂျစ်စတန်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာရရှိခဲ့ပြီး ဂိုးကန်သွင်းချက်တွေလည်းပိုမို ကန်သွင်းခွင့် ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ပိုလန်အသင်းအတွက်အဖွင့်ဂိုးကိုတော့ ပထမပိုင်း ၁၁ မိနစ်မှာပဲ မီလစ်ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပိုလန်အသင်းဟာ ပထမပိုင်းမှာ ၁ ဂိုး အသာနဲ့ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း ၇၄ မိနစ်မှာတော့ ပိုလန်အသင်းအတွက် နှစ်ဂိုးမြောက် ဂိုးကိုတော့ ဂလစ် က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။အနိုင်သေချာစေမဲ့ နောက်ဆုံးဂိုးကိုတော့ ၈၆ မိနစ်မှာ လီဝန်ဒေါစကီး က ပယ်နယ်တီကနေကန်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။