သူ့ နိုင်ငံ အတွက် ရှေ့ဆုံး ကအမြဲ မားမားမတ်မတ် ရပ်တည်သူ

ရုရှား သမ္မတ ဗလာဒီမာ ပူတင် ကို ၁၉၅၂ ခုနှစ် အောက်တိုဘာလ ရ ရက်နေ့မှာ ရုရှား နိုင်ငံ လီနင်ဂရက် မြို့မှာ မွေးဖွားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် မေလ ရရက် နေ့ကတည်းက ရုရှား နိုင်ငံ ရဲ့သမ္မတ အဖြစ် လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်နေပါတယ်။ သူဟာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၀ ခုနှစ် အထိ ၀န်ကြီးချုပ် အဖြစ်လည်းကောင်း၊ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ သမ္မတ အဖြစ်လည်းကောင်း တာဝန်များ ကိုထမ်းဆောင် ခဲ့ပါတယ်။

ပူတင် ဟာ စိန့်ပီတာစဘတ် တက္ကသိုလ် ကနေ ဥပဒေပညာ ကိုသင်ယူခဲ့ ပြီး ၁၉၇၅ ခုနှစ် မှာ ဘွဲ့ရရှိခဲ့ပါတယ်။ သူဟာ ရုရှားထောက်လှမ်းရေး အဖွဲ့ ကေဂျီဘီမှာ ၁၆ နှစ်တာမျှ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ တော့ မော်စကို မြို့ကို ပြောင်းရွှေ့ခဲ့ ပြီး အဲ့ဒီ့ အချိန်က သမ္မတ ဘောရစ်ယဲ့ဆင် ရဲ့ အစိုးရ အဖွဲ့မှာ ပါ၀င်ခဲ့ပါတယ်။ ပူတင် ရဲ့ အရည်အချင်း ထက်မြက်မှု ကို သိမြင် တဲ့ ဘောရစ်ယဲ့ဆင် ဟာ သူ ရာထူးမှ နှုတ်ထွက် ချိန်မှာ ပူတင် ကို သမ္မတရာထူး နေရာအတွက် လျာထားခဲ့ပါတယ်။ ပူတင် ဟာ ၂၀၀၀ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွေမှာ ဆက်တိုက်အနိုင်ရရှိ ခဲ့ ပြီး၂၀၀၄ ခုနှစ်မှာ လည်း ထပ်မံရွေးကောက်တင်မြောက် ခြင်းခံခဲ့ ရပါတယ်။

ပူတင် ဟာ ပြည်တွင်းမှာ ထောက်ခံမှု အများဆုံးရရှိထားတဲ့ ခေါင်းဆောင် တစ်ဦးလည်းဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်သီး ခေါင်းဆောင် တွေရဲ့အာရုံစိုက် ခြင်းကိုလည်း ခံရသူဖြစ်ပါတယ်။ သူ အာဏာရပြီး နောက်ပိုင်းမှာ ရုရှား နိုင်ငံကိုပြန်လည် စုစည်း နိုင်ခဲ့တဲ့ အပြင် စီးပွားရေး နဲ့ စစ်ရေးမှာ လည်း ရုရှား နိုင်ငံကို ဆိုဗီယက် ခေတ်နောက်ပိုင်း ပြန်လည် အင်အားတောင့်တင်းအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ပူတင် ဟာ ချေချင်းညာ စစ်ပွဲကိုလညး် အဆုံးသတ်နိုင်ခဲ့ပါတယ်။ မြောက်ပိုင်း ကာကေးစပ် မှာ ရှိတဲ့ အကြမ်းဖက် သောင်းကျန်းသူ တွေကို ပြောဆိုခဲ့တဲ့ ပူတင် ရဲ့ “ ဒီ အကြမ်းဖက်သမား တွေကို အိမ်သာထဲမှာ ရှာတွေ့ရင် တောင် အလွတ်ပေးမှာမဟုတ်ဘူး” လို့ ပြောဆိုခဲ့တဲ့ စကားဟာ အလွန်ကျော်ကြားခဲ့ပါတယ်။ ချေချင်းညာမှာ ရှိတဲ့ အကြမ်းဖက် တွေကိုလညး် ပြတ်ပြတ်သားသား ချေမှုန်းနိုင်ခဲ့ပါတယ်။

ပူတင် ဟာ နိုင်ငံတကာ မျက်နှာစာ မှာ လည်း ရုရှားနိုင်ငံကို လူရိုသေရှင်ရိုသေ ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်း က ရုရှား နိုင်ငံဟာ ကမ္ဘာ့နိုင်ငံ ရေး အရ လွှမ်းမိုးနိုင်မှု မှာ အဆင့် ၂၃ သာရှိခဲ့ ရာမှ ပူတင်လက်ထက် မှာ အဆင့် ၃ နေရာ ကို ရုရှား နဲ့ တရုတ်တို့နဲ့ အတူရရှိခဲ့ပါတယ်။

ပူတင်လက်ထက်မှာ ရုရှားစစ် တပ် ကို ခေတ်မှီ တပ်မတော် ဖြစ်စေရန် ပြုပြင် ပြောင်းလဲမှု များကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ယခု အချိန်မှာ ရုရှား တပ်မတော်ဟာ ထိပ်တန်း တပ်မတော်တစ်ခု အဖြစ် ရပ်တည်နေပြီ ဖြစ်ပြီး၊ သမ္မတ ပူတင်ရဲ့ စီမံမှု နဲ့ ခေတ်မီ စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှု၊ ရောင်းချမှုများလည်းတိုးတက်လာခဲ့ပါတယ်။ ယခု ရုရှား ဟာ ကမ္ဘာ ပေါ်မှာ စစ်လက်နက်ပစ္စည်းတင်ပို့မှု ဒုတိယ အများဆုံးနိုင်ငံ အဖြစ်ရပ်တည်နေပါတယ်။

ခရိုင်းမီးယား ဒေသကို လည်း ရုရှား နိုင်ငံတွင်း ပြည်လည်ပေါင်းစည်းနိုင်ခဲ့ပါတယ်။ ဒီအချက်ဟာ ရုရှားနိုင်ငံ အတွက် အရေးကြီးလှပါတယ်။ နိုင်ငံရေး ရှုထောင့်မှ ကြည့်ပါက ရုရှားနိုင်ငံကို ပိုမိုအင်အားကြီးမားစေ ပြီး ရုရှား ပြည်တွငး်မှာတော့ ရုရှားနွေဦး အဖြစ် ခေါ်ဆိုနေကြပါတယ်။

Source: www.fort-russ.com/major-accomplishments-of-age-of-putin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။