Zootopia ဇာတ်ကားကို တော်တော်များများကြည့်ဖူးကြမှှာပါ။ရယ်စရာ အရမ်းကောင်းတဲ့ sloth တွေဟာ အမြဲတမ်းနှေးကွေးနေကြပါတယ်။ဇာတ်ကားတစ်ကားမှာ slow ခလုပ်ကိုနှိပ်ထားသလိုပါပဲ။သူတို့ဟာ အမြဲတမ်းနှေးနှေးကွေးကွေးပဲ သွားလာတတ်ကြပါတယ်။ဆလုပ်တွေဟာ ကမ္ဘပေါ်မှာ အနှေးဆုံးသတ္တဝါအဖြစ်သတ်မှတ်ခံထားရတာပါ။သူတို့ဟာ အမြဲတမ်းနှေးကွေးတတ်ပြီး တစ်နေ့ကိုလည်းနာရီ (၂၀) လောက်အိပ်တတ်တဲ့ကောင်တွေပါ။

ဆလုပ်တွေဟာ သစ်ပင်မြင့်တွေမှာပဲနေတတ်လေ့ရှိပါတယ်။တော်ရုံအောက်မဆင်းတတ်ပဲ အပေါ့အပါးသွားမှသာ အောက်ဆင်းလေ့ရှိပါတယ်။သူတို့ဟာ အသက်ရှည်ကြပြီး ၁၀ နှစ်မှ ၁၆ နှစ်လောက်အထိရှည်တတ်ကြပြီး တချို့ဆိုလျှင် နှစ် ၃၀ လောက်အထိနေရလေ့ရှိပါတယ်။နောက်ပိုင်းမှာ ကမ္ဘာ့ တိရိစ္ဆာန်စောင့်ရှောက်ရေးအဖွဲမှလည်း sloth တွေမျိုးမတုံးရေးအတွက် အဓိကထားစောင့်ရှောက်လျှက်ရှိပါတယ်။

တချို့ကတော့ သူတို့ကို ငပျင်းတွေလို့ခေါ်ကြပါတယ်။အရပ်ကတော့ ၂ ပေနဲ့ ၂.၅ ပေ ကြားသာရှိကြပါတယ်။အများအားဖြင့်တော့ တောင်အမေရိကတိုက်မှာ အများဆုံးတွေ့ရလေ့ရှိပြီး မြောက်အမေရိကတိုက်တောင်ဘင်စွန်းမှာလဲ တွေ့ရတတ်ပါတယ်။သူတို့ဟာ တစ်ကောင်တည်းနေလေ့ရှိပြီး မိတ်လိုက်ရာသီရောက်မှာသာ စုဖွဲ့ကြပါတယ်။သူတို့ရဲ့နှေးကွေးမှုကြောင့် အမြဲတမ်းတောကောင်တွေရဲ့ တိုက်ခိုက်မှုကိုခံရလေ့ရှိပါတယ်။အစားအစားကိုလည်း သစ်သီးသစ်ရွက်တွေသာ စားလေ့ရှိပြီး သူတို့ရဲ့အစာအိမ်ရဲ့အစာချေမှုနှုန်းဟာ နှေးတာကြောင့် ၁ လ နဲ့ ၁ လခွဲလောက်မှာသာ အစာထပ်မံစားသောက်လေ့ရှိပါတယ်။

သတင်းအရင်းအမြစ် - သုတဇုန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။