ဆန်းဆက်နိုင်၊အောင်သူတို့ပြန်ရောက်ပါပြီ

ကာဂျစ်စတန်နဲ့အာရှဖလားခြေစစ်ပွဲကို

ရွှေ့ဆိုင်းခဲ့လို့ပြည်တော်ပြန်လာတဲ့မြန်မာအသင်းဟာ

မနေ့ညနေကရန်ကုန်ကိုရောက်ရှိလာခဲ့ပါတယ်။

ပြန်ရောက်လာခဲ့ကြတယ်ဆိုပေမယ့်

အားလုံးတော့ပြန်ရောက်လာကြတာမဟုတ်ပါဘူး။

ရုတ်တရက်ထပြန်ရတာဖြစ်လို့လေယာဉ်လက်မှတ်

ကြိုတင်ဘွတ်မထားမိတဲ့အတွက်အခက်အခဲအနည်းငယ်

ရှိခဲ့ပြီးအသင်းသားတစ်ဝက်လောက်ကဘစ်ရှက်မှာ

ကျန်နေခဲ့တာပါ။

ပြန်ရောက်လာကြတဲ့ပထမအသုတ်အသင်းသား

တွေထဲမှာပရိသတ်အချစ်တော်တွေဖြစ်တဲ့ဆန်းဆက်နိုင်၊

အောင်သူတို့ပါဝင်လာခဲ့လို့သူတို့ကိုစိတ်ပူနေတဲ့

ပရိသတ်တွေကတော့စိတ်အေးရပါပြီ။

ဆန်းဆက်နိုင်တို့နဲ့အတူကျော်ကိုကို၊ဟိန်းသီဟဇော်၊

သီဟထက်အောင်၊သိန်းသန်းဝင်း၊လှိုင်းဘိုဘိုစတဲ့ကစား

သမားတွေလည်းဘေးအန္တရာယ်ကင်းစွာပြန်ရောက်လာခဲ့

ကြပါပြီ။

ကျန်ရှိနေသေးတဲ့သန်းပိုင်၊သီဟစည်သူ၊ကျော်ဇင်ထက်၊

ကျော်ဇင်လွင်၊ရန်နိုင်ဦးစတဲ့ကစားသမားတွေဟာလည်း

အခုဆိုရင်ကာဂျစ်လေဆိပ်ကနေထွက်ခွာလာကြပြီး

ဒီနေ့ညနေ5နာရီခွဲမှာရန်ကုန်ကိုပြန်လည်ရောက်

ရှိလာကြမှာပါ။မြန်မာနဲ့ကာဂျစ်တို့ရဲ့ပွဲကို

ဒီလဆယ်ရက်နေ့မတိုင်မီကြားကွင်းတစ်ကွင်း

မှာကစားဖို့စီစဉ်နေတယ်လို့AFCကပြောပါတယ်

Photo-MFF


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။