မန်ချက်စတာယူနိုင်တက်အသင်း၏ ကစားသမား မာတာကတော့ ယုံကြည်မှုတွေပြည့်ဝနေပါတယ်။ မာတာက မန်ချက်စတာယူနိုင်တက်အနေဖြင့် ပရီးမီးယားလိဂ်ဖလားရယူနိုင်မယ်လို့ ယုံကြည်နေတာပါ။ မန်ချက်စတာယူနိုင်တက် လက်ရှိအချိန်ထိ အမှတ်ပေးဖလား၃ပွဲ ကစားပြီးပါပြီ။ အဆိုပါ ၃ပွဲလုံးကို အနိုင်ရအောင် မန်ချက်စတာယူနိုင်တက်က ကစာဟထားနိုင်ခဲ့ပါတယ်။

အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေရဲ့ ခြေစွမ်းပြမှုနှင့်အတူ တိုက်စစ်က ၁၀ဂိုးထိ သွင်းထားပါတယ်။ ဒါ့အပြင် ခံစစ်ကလည်း ပေးဂိုးလုံးဝမရှိသေးပါဘူး။ မာတာအနေနှင့် အဆိုပါ သုံးပွဲလုံး ပါ၀င်ကစားထားပေးခဲ့ပါတယ်။ ပုံစံကောင်းတွေပြသထားနိုင်ခဲ့တာမို့ မာတာက ပရီးမီးယားလိဂ်ဖလားအတွက်ယုံကြည်မှုအပြည့်ရှိနေတာပါ။

မာတာက "ယုံကြည်ချက်ကိုတော့အမြဲတမ်းထားရှိပါတယ်။ ဒီလိုအသင်းအတွက်ကစားရပြီဆိုရင်ပြို်င်ပွဲတိုင်းမှာဖလားဆွတ်ခူးနိုင်တယ်ဆိုတဲ့ယုံကြည်မှုနဲ့စတင်ရမှာပါ။ ပွဲအချို့မှာရလဒ်တွေဆိုးခဲ့တာကြောင့်ပြီးခဲ့တဲ့ရာသီကကျွန်တော်တို့ပရီးမီးယားလိဂ်ဖလားနဲ့လွဲချော်ခဲ့ပြီး ပြီးခဲ့တဲ့လတုန်းကလိုခြေစွမ်းတည်ငြိမ်မှုကိုထိန်းထားနိုင်ခဲ့ရင်ကျွန်တော်တို့လုပ်ဆောင်နိုင်မှာပါ။ ဒါဟာမော်ရင်ညိုရဲ့ဒုတိယနှစ်ဖြစ်ပြီးသူအသင်းသားအားလုံးကိုကောင်းကောင်းပိုသိလာပါတယ်။ ကျွန်တော်တို့လည်းနားလည်မှုတွေပိုကောင်းလာလို့ အတူကြိုးစားကြတာပေါ့။ ဒီရာသီကျွန်တော်တို့ရဲ့စတင်မှုတွေကျေနပ်မှုရှိပါတယ်။ ဒါပေမယ့်ဒါဟာအစပဲရှိပါသေးတယ်။ ကျွန်တော်တို့ယုံကြည်မှုတွေနဲ့သုံးပွဲဆက်အနိုင်ရထားပြီးအကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။" လို့ပြောသွားပါတယ်။

Hein

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။