စိုးလင်းဦးအတွက်သီချင်းတစ်ပုဒ်


မြန်မာ့လက်ဝှေ ့ကျော်စိုးလင်းဦးတစ်ယောက်ကိုယ်ပိုင်

သီချင်းတစ်ပုဒ်မကြာခင်ရတော့မှာပါ။သံမဏိ

စိုးလင်းဦးလို့ပရိသတ်တွေကချစ်စနိုးခေါ်ကြတဲ့

စိုးလင်းဦးကိုဂုဏ်ပြုသီဆိုမယ့်သီချင်းနာမည်ကလည်း

"မြန်မာ့သံမဏိ"ပါတဲ့။ဒီသီချင်းကိုဖန်တီးထားကြတဲ့

 အနုပညာရှင်တွေအားလုံးကလည်းစိုးကြီးရဲ့ပရိသတ်

စစ်စစ်တွေကြီးပါတဲ့။


"မြန်မာ့သံမဏိ"သီချင်းကိုရေးဖွဲ့သူက

ကိုနေဝါဖြစ်ပြီးသီဆိုမယ့်သူကတော့

အဆိုတော်ရိန်မိုးပါ။တီးခတ်မှုအပိုင်းကို

တာဝန်ယူထားသူကတော့တယောချမ်းဟိန်းကြွယ်ဖြစ်

ပါတယ်။သီချင်းကိုဖန်တီးထားတဲ့သူတွေက

အနုပညာအားကောင်းတဲ့သူတွေဖြစ်ပြီး

စိုးကြီးရဲ့အမာခံပရိသတ်ကြီးတွေဖြစ်လို့

ကြွတက်နေမှာအသေအချာပါပဲ။

ဒီသီချင်းကိုလာမယ့်WLCပွဲမှာ

စိုးကြီးစင်ပေါ်တက်ခါနီးဖွင့်ပြမယ်လို့တေးရေး

ကိုနေဝါကပြောပြပါတယ်။WLCကလာမယ့်

ဆယ့်တစ်လပိုင်းအတွင်းကျင်းပမှာဖြစ်လို့

"မြန်မာ့သံမဏိ"သီချင်းကိုနားထောင်ဖို့သိပ်မလို

တော့ပါဘူး။စိုးကြီးအနေနဲ့နောက်ဆုံးထိုးခဲ့ပွဲတွေမှာ

ရလဒ်မကောင်းခဲ့တာမို့လာမယ့်WLCပွဲမှာ

"မြန်မာ့သံမဏိ"သီချင်းနဲ့အတူအကောင်းဆုံးပြန်လာနိုင်ပါစေ

လို့ဆုတောင်းလိုက်ရပါတယ်။

Source-Ko Nay war

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။