မထက်ဒီနေ့မှာ လုံးဝကိုအလန်းပြင်ဆင်ထားပါတယ်။ဓာတ်ပုံအလန်းတွေတင်ပြီး လွန်ကြူးမိသွားတယ်ကွာလို့လဲ ပြောထားပါသေးတယ်။မီးခိုးရောင်ဆံပင်နဲ့ ဖက်ရှင်ကိုလိုက်ဖက်စွာဆင်တွဲဝတ်ဆင်ထားပါတယ်။မိတ်ကပ်ကိုလည်း အထင်းသားပြင်ထားပါတယ်။မထက်လူ နိုင်ငံကျော်မိတ်ကပ်ပညာရှင်ဖြစ်ပြီး လူတကာကို လုပအောင်ပြင်ပေးနိုင်သလို ကိုယ့်ကိုယ်ကိုလည်းလှအောင်ပြင်ဆင်တတ်တဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ပါ။

၀တ်စုံနဲ့လိုက်ဖက်အောင် ၀တ်ထားတဲ့ လည်းပင်းကဆွဲကြိုးလေးနဲ့ နားစွဲလေးဟာ တကယ်ချစ်စရာကောင်းပါတယ်။မိတ်ကပ်ပညာမှာ သူတကာထက်သာလွန်တဲ့ စွမ်းရည်ကိုလည်းပိုင်ဆိုင်ထားသူပါ။သူမကို ချစ်တဲ့ပရိတ်သတ်တွေကတော့ အံသြနေမှာအမှန်ပါပဲ။

“ဒီနေ့တော့နည်းနည်းများများလေးလိမ်းထားတယ်…လွန်ကြူးမိသွားတယ်ကွာ….#ထိရှရဲ့လား သဲလေးတို့..”လို့ရေးပြီးတင်ထားပါတယ်။သူမကတော့ အရင်လိုပဲ ဓာတ်ပုံတွေနဲ့ပရိတ်သတ်ကိုဖမ်းစားတုန်းပဲ။မထက်ရဲ့ အချစ်တော်တွေအတွက် ဓာတ်ပုံလှလှလေးတွေကို တင်ပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - Ma Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။