မန်ချက်စတာယူနို်င်တက်၏ နည်းပြ မော်ရင်ဟိုကတော့ ယခုအမှတ်ပေးရာသီမှာ အကောင်းဆုံးကိုင်တွယ်ထားပါတယ်။ မန်ချက်စတာယူနိုင်တက်အသင်းအနေနှင့် အမှတ်ပေးပွဲလုံး အနိ်ုင်ရရှိထားပါတယ်။ မန်ချက်စတာယူနိုင်တက်အသင်း၏ တိုက်စစ်က ၁၀ဂိုးရရှိထားပါတယ်။ မန်ချက်စတာယူနိုင်တက်၏ ခံစစ်ကတော့ ပေးဂိုးလုံးဝမရှိသေးပါဘူး။ 

မန်ချက်စတာယူနိုင်တက်အသင်းအနေဖြင့် ယခုနှစ်အတွက် ချန်ပီယံလိဂ် ၀င်ခွင့်ရရှိထားပါတယ်။ မော်ရင်ဟိုက ယခုအခါ ဆာအဲလက်စ်ဖာဂူဆန်၏ ချန်ပီယံလိဂ်ပွဲကိုင်တွယ်မှုထက်များအောင် ကိုင်တွယ်သွားမည်ဟု ပြောကြားခဲ့တာပါ။ မော် ရင် ဟို ဟာ ပေါ်တို ၊ အင် တာ ၊ ချဲလ်ဆီး ၊ ရီးရဲမက်ဒရစ် အသင်းတွေကို ကိုင် တွယ်ပြီး ချန် ပီယံလိဂ် ပွဲပေါင်း ၁၃၃ ပွဲ ကစားထားခဲ့ပါတယ် ။ ဒါပေမယ့် ထိပ် ဆုံးမှာ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ရဲ့ ၁၉၄ ပွဲ စံချိန် ကို လိုက် မီနိုင် ဖို့ က တော့ အ ရေအတွက် များစွာ ကျန် ရှိနေပါသေးတယ် ။

မော်ရင်ဟိုက "ကျွန်တော် က ချန် ပီယံလိဂ် ပွဲအများဆုံး ကစားထားတဲ့ ထိပ်ဆုံး နည်းပြ ၅ ဦး ၆ ဦး စာရင်းဝင် ဆိုတာတော့ သိပါတယ် ။ ဒါပေမယ့် အ ပေါ်က နည်းပြ တွေနဲ့ အ ရေအတွက် တွေ ကွာခြားနေပါသေးတယ် ။ အထူးသဖြင့် ထိပ် ဆုံးက နဲ့ ဆိုရင် တော် တော်ကြီးကွာခြားပါသေးတယ် ။ မနှစ် တုန်းက ကျွန်တော် ဒီမှတ် တမ်း ( ချန် ပီယံလိဂ် ပွဲ ) ကို လိုက် ဖို့ မဖြစ် နိုင် ခဲ့ပါဘူး ။ ဒါပေမယ့် အခု မန်ချက်စတာ ယူနိုက်တက် က သူတို့နဲ့ ထိုက် တန်တဲ့ နေရာကို ပြန်ရောက် လာခဲ့ပါပီ ။ ချန် ပီယံလိဂ် ဆိုတာ တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ နေရာတစ် ခုပါပဲ ။ ကျွန်တော် တို့ဘယ် လောက် အထိ သွားနိုင် မလဲ ဆိုတာ မသိသေးပါဘူး ။ ဒါပေမယ့် တစ် နေ့မှာတော့ ချန် ပီယံလိဂ် ပွဲအများဆုံး ကစားထားတဲ့ နည်းပြ ဆိုတဲ့ အမည်လေးကို ကျွန်တော် ရည် မှန်းထားမိပါတယ်"

Hein

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။