အားလုံးစိတ်ပူနေကြတဲ့သူပြန်ရောက်ပါပြီ

ပွဲရွှေ ့ဆိုင်းမှုနဲ့အတူ မြန်မာအသင်းသားတွေ

ကာဂျစ္စတန်ကနေပြန်လာခဲ့တာအားလုံးသိကြမှာပါ။

ဒါပေမယ့်မြန်မာတို့ရဲ့အပြန်ခရီးဟာ

ချောချောမွေ့မွေ့တော့မဟုတ်ပါဘူး။

အကြမ်းဖက်မှုအန္တရာယ်ကိုစိုးရိမ်ခဲ့ရပြီး

လေယာဉ်လက်မှတ်အခက်အခဲလည်းတွေ့ကပါသေးတယ်။

ကာဂျစ္စတန်ကနေနှစ်သုတ်ခွဲပြီးပြန်လာတဲ့မြန်မာတို့ဟာ

မနေ့ညနေကရန်ကုန်ကိုဘေးကင်းလုံခြုံစွာပြန်ရောက်

ခဲ့ကြပါပြီ။မနေ့ကနောက်ဆုံးအသုတ်မှာ

ပရိသတ်ကြီးစိတ်ပူခဲ့ရတဲ့နာမည်ကျော်

ကစားသမားသန်းပိုင်ပါဝင်လာခဲ့ပါတယ်။အခုတော့

သန်းပိုင်ကိုစိတ်ပူနေကြတဲ့ပရိသတ်ကြီး

သက်ပြင်းချလို့ရပါပြီ။

သန်းပိုင်နဲ့အတူသီဟစည်သူ၊သက်နိုင်၊ဇော်မင်းထွန်း၊

မင်းမင်းသူ၊ရန်နိုင်ဦး၊ကျော်ဇင်လွင်၊ကျော်ဇင်ထက်

စတဲ့ကစားသမားတွေဟာလည်းအဆင်ပြေပြေ

ချောချောမွေ့မွေ့ပြန်ရောက်လာကြပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ရွှေ့ဆိုင်းခဲ့ရတဲ့

အဆိုပါပွဲစဉ်ကိုဘယ်မှာကျင်းပရမလဲဆိုပြီးကာဂျစ်

ဘောလုံးအဖွဲ့ချုပ်နဲ့ဆွေးနွေးလျှက်ရှိပါတယ်။

ကာဂျစ်ဘောလုံးအဖွဲ့ချုပ်ကတော့ဒီပွဲကို

ကြားကွင်းမှာပဲကျင်းပမယ်လို့လေသံပစ်ထားတာ

တွေ့ရပါတယ်။

Source-Than Paing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။