အဆိုတော်နီနီခင်ဇော်ဟာ သူမရဲ့ ဂီတသက်တမ်းတစ်လျှောက် ဂီတဆုအနေနဲ့ရရှိခဲ့တဲ့ ရွှေစင်ရွှေပြားများအားလုံးကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ အဆိုတော် စိုးစန္ဒာထွန်း မတည်လှူဒါန်းပြီး တည်ထားကိုးကွယ်တဲ့ ပုပ္ပါးမှ နဂါးရုံဘုရားကြီးတွင် (၇)ရက်သားသမီး ပရိသတ်များအားလုံးအတွက် ရည်စူးလှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ရွှေပြားအချို့ကိုလည်း ဌာပနာတိုက်တွင်လှူဒါန်း၍ ကျန်ရှိတဲ့ ရွှေပြားများကို ရောင်းချပြီး မတည်အလှူငွေအဖြစ် ထည့်ဝင်လှူဒါန်းထားတယ်လို့လည်း သိပါရပါတယ်။

“ (၇)ရက်သားသမီးအားလုံး သာဓုခေါ်ဆိုနိုင်ရန် Post တင်ခြင်းသာ ဖြစ်ပါတယ်..။ ရရှိခဲ့သော ဂီတဆုများ ရွှေစင်ရွှေပြားများ အားလုံးကို ပုပ္ပါးမှာ နဂါးရုံဘုရားကြီးအား မမစိုးစန္ဒာထွန်း မတည်လှူဒါန်းပြီး တည်ထားကိုးကွယ်ရန် (၇)ရက်သားသမီးများ၊ ပရိသတ်များအားလုံးကို ရည်စူးလှူဒါန်းလိုက်ပါပြီ..။ ရွှေပြားအချို့ကို ဌာပနာတိုက်တော်သွင်းပြီး ကျန်ရှိသည့် ရွှေပြားရောင်းချကာ မတည်အလှူငွေထည့်ဝင်ထားတယ်..။ နောက်လကြရင် ပုပ္ပါးရောက်တဲ့ သူများလည်း တောင်ခြေနားမှာ ဖူးကြပါနော်..” ဟု သူမရဲ့ fb မှာ ရေးသားထားပါတယ်။

“နဂါးရုံဘုရားကြီး” တွင် အခြားအနုပညာရှင်များလည်း ဌာပနာပစ္စည်းများ ပါဝင်လှူဒါန်းထားကြောင်းသိရပါတယ်။ အဆိုတော်နီနီခင်ဇော်ဟာ စက်တင်ဘာလ(၉)ရက်နေ့တွင် ပဲခူးတိုင်းကိုယ်စားပြု ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်း၏ အိမ်ကွင်း Grand Royal Stadium ဖွင့်ပွဲနှင့် ဘောလုံးပြိုင်ပွဲကို သွားရောက်ဖျော်ဖြေမှာဖြစ်ကြောင်း သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။