မော်ဒယ်သရုပ်ဆောင် ဂျုးဂျုးသစ္စာဟာ ဂါ၀န်အရှည်လေးနဲ့ Now Magazine အတွက်ဓာတ်ပုံရိုက်ပေးနေတာဖြစ်ပါတယ်။ရွှေညိုရောင်ဆံပင်လေးနဲ့ အပြာနုရောင်ဂါ၀န်အရှည်လေးဟာ လိုက်ဖက်လို့နေပါတယ်။သူမဝတ်ဆင်ထားတဲ့ဂါ၀န်လေးဟာ အပေါ်ပိုင်းကတော့ ပန်းရောင်ပန်းပွင့်လေးတွေနဲ့ချည်မျှင်လေးတွေနဲ့ ရောယှက်ထားပြီး 

အောက်ပိုင်းဂါ၀န်အရှည်လေးကတော့ အပြာနုအရောင်လေးနဲ့တော်တော်ချစ်စရာကောင်းတဲ့ ဂါ၀န်လေးပါ။ချစ်စရာဂါ၀န်လေးကို ချစ်စရာကောင်းတဲ့ ဘိုမလေးတစ်ယောက်ကဝတ်ဆင်ထားသလိုပါပဲ အရမ်းလိုက်ဖက်လွန်းနေပါတယ်။ဂျုးဂျုးသစ္စာဟာ မော်ဒယ်လုပ်ငန်းမှာလည်း နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။

သရုပ်ဆောင်လောကမှာလဲ ရုပ်ရှင်ဇာတ်ကားတွေမှာလဲ ပါ၀င်သရုပ်ဆောင်ဖူးပြီး MTV ပေါင်းများစွာမှာလဲ ရိုက်ကူးခဲ့ဖူးသူဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့သူမရဲ့ မျက်နှာလေးဟာ နိုင်ငံခြားသူလို့တောင် အထင်များခံရတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားပါတယ်။

သတင်းအရင်းအမြစ် - Jue Jue thit sar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။