အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးက ယခုအပြောင်းအရွှေ့မှာ ကစားသမားများစွာ ထပ်မံခေါ်ယူခဲ့ပါတယ်။ ထိုအထဲမှာမှ ဘာနာဒို ဆေးဗားလည်းပါ၀င်ပါတယ်။ ဘာနာဒိုဆေးဗားက မိုနာကိုကနေ မန်ချက်စတာစီးတီးထံပြောင်းလာတာပါ။ ဘာနာဒိုဆေးဗားက မနှစ်က မိုနာကိုမှ ခြေစွမ်းကောင်းတွေပြသထားနိုင်ခဲ့သူပါ။

မိုနာကို အသင်းက နေ မန်ချက်စတာ စီးတီး အသင်းဆီ ပြောင်းရွှေ့မှု မှာ ပေါ်တူဂီ အသင်းခေါင်းဆောင် ရိုနယ်လ်ဒို နဲ့ တောင် ပံ ကစားသမား နာနီ တို့ရဲ့ အကူအညီတွေ ပါ၀င် ခဲ့တယ် လို့ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားက ပြောဆိုသွားခဲ့ပါတယ် ။ ဆေးဗား ဟာ ပေါ်တူဂီ အသင်းနဲ့ ကွန် ဖက် ဒ ရေးရှင်းဖလားပွဲ ယှဉ်ပြိုင် ကစားနေစဉ်မှာ မန်ချက်စတာ မြို့အ ကြောင်း ရိုနယ်လ်ဒို နဲ့ ပြောဆိုဖြစ် ခဲ့တယ် လို့ ပြန်ပြောင်းပြောဆိုခဲ့ပြီး စီးတီးထံ ပြောင်းရွှေ့ဖို့ ရိုနယ််လ်ဒို ထောက် ခံခဲ့ကြောင်း ဆိုသွားခဲ့ပါတယ် ။

“မန်စီးတီး နဲ့ စာချုပ် ကိစ္စတွေ ဆွေးနွေးနေတဲ့အချိန် မှာ ကျွန်တော် က ပေါ်တူဂီ နဲ့ ကွန် ဖက် ဒ ရေးရှင်း ဖလား ပွဲ ကစားနေရပါတယ် ။ ကျွန်တော် ရိုနယ်လ်ဒို ၊ နာနီ တို့ ကို မန်ချက်စတာက အ ကြောင်းတွေကို မေးဖြစ် ခဲ့ပါ တယ် ။ သူတို့က အဲ့မှာ နှစ် အများကြီး နေခဲ့တဲ့သူတွေ လေ ။ မန်ချက်စတာ မှာ နေရတာ ၊ ဘောလုံးကစားရ တာ ဘယ်လောက် ပျော် ဖို့ ကောင်းတယ် ဆိုတဲ့အ ကြောင်းတွေကို သူတို့ ကျွန်တော့ကို ပြောပြခဲ့ကြပါတယ် ။ မန်ချက်စတာ ဟာ ဘောလုံးမြို့တစ် မြို့ဖြစ်တဲ့အ ကြောင်းတွေ ၊ မြို့ခံလူတွေရဲ့ ဖော် ရွေမှုတွေ ၊ ဘောလုံးအ ပေါ် စွဲမက် မှုတွေကို သူတို့ ပြောပြခဲ့ကြပါတယ် ။ စီးတီးကို ပြောင်းတာဟာ သိပ် ကောင်းတဲ့ အရာတစ် ခုလို့ သူတို့ ၂ ယောက် စလုံး က ထောက် ခံခဲ့ကြပါတယ်” လို့ ဘာနာဒို ဆေးလ်ဗားက ပြောဆိုသွားခဲ့ပါတယ် ။

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။