ဘယ်လိုတွေဖြစ်နေလည်းတော့မသိတော့ပါဘူးဗျာ။စဉ်းစားရအတော်ခတ်ပါတယ်။ဖြစ်ပွားခဲ့ခြင်းကတော့ စက်တင်ဘာ ၅ရက် ကထိုင်းနိုင်ငံဘန်ကောက် လိပ်ခလောင်းထဝီဖတ်ထနားနယ်မြေမှာဖြစ်ပွားခဲ့တာပါ။စက်တင်ဘာ၅ရက်နေ့ ညနေပိုင်းတွင် သားအဖနှစ်ယောက်ဟာ ဖေစ့်ဘွတ်ခ်လူမှုကွန်ရက်အတူတကွအသုံးပြုနေခဲ့တယ်လို့သိရပါတယ်။ထို့နောက်မကြာမီတွင်ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်အသုံးပြုတာနဲ့ ပတ်သက်ပြီး ငြင်းခုံရန်ဖြစ်ရာကနေ ဖခင်က သမီးကို သတ်တဲ့အထိ ဖြစ်သွားတယ်လို့ သိရပါတယ်။

ဖြစ်ပွားခဲ့တယ့်ဖြစ်စဉ်ကတော့ စက်တင်ဘာ၅ရက် ညနေ ၆နာရီလောက်က ထဝီဖတ်ထနားနယ်မြေ အိမ်အမှတ် ၇၅၄/၅၄ မှာ လူသတ်မှုဖြစ်ပွားကြောင်း တိုင်တန်းချက်ရရှိတဲ့အတွက် တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။တာဝန်ရှိသူများ၏စစ်ဆေးချက်အရ နေအိမ်အိပ်ခန်းတွင်းရှိ ခုတင်တစ်လုံးပေါ်တွင် ဝါယာကြိုးဖြင့်လည်ပင်းညှစ်ခံရတဲ့ဒဏ်ရာနဲ့ သေဆုံးနေသူ မိန်းကလေးကိုတွေ့ရှိခဲ့ရပါတယ်။

သေဆုံးသူသမီးရင်းမိန်းကလေးဟာ အသက်၇နှစ်သာ ရှိပါသေးတယ်။သေဆုံးသူ မိန်းကလေးရဲ့မိခင် ပြောပြချက်အရ အခင်းမဖြစ်ခင်က သူမခင်ပွန်း နိုင်းဧကချိုင်း ဆဲန်မနီး နဲ့ သမီး ကျီဒါးဖွန်း ဆဲန်မနီးတို့ဟာ လက်ကိုင်ဖုန်းထဲက ဖေ့စ်ဘွတ်ခ်ကိစ္စနဲ့ အငြင်းပွားနေကြောင်း၊ နိုင်းဧကချိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လိုက်ခ် အများဆုံး ၁၄၀ ကျော် ရထားပြီး လူကြည့်များတဲ့ ပရိုဖိုင်းလ်ဓာတ်ပုံကို သမီးဖြစ်သူက ဖျက်လိုက်တဲ့အတွက် စိတ်ဆိုးပြီး သားဖနှစ်ယောက် ဆယ်မိနစ်ခန့်ကြာ ရန်ဖြစ်နေခဲ့ကြောင်း၊ ခဏအကြာ သမီးရဲ့ အော်သံကြားလို့ အိပ်ခန်းထဲဝင်သွားရာမှာ သူ့ယောကျာ်းက အခန်းထဲက ထွက်လာပြီး ဆိုင်ကယ်နဲ့ အမြန်မောင်းထွက်သွားခဲ့ကြောင်း၊ သမီးကို ကြည့်လိုက်ရာမှာတော့ အသက်မရှိတော့ဘူးလို့ တာဝန်ရှိသူတွေကို ပြောပါတယ်။

သတင်းအရင်းအမြစ်-ဒီဗွီဘီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။