MNLထိပ်သီးသုံးသင်းကလွှမ်းမိုးထားတဲ့မြန်မာ့လက်ရွေးစင်

ကာဂျစ္စတန်နဲ့အာရှဖလားခြေစစ်ပွဲကစားမယ့်

မြန်မာ့လက်ရွေးစင်အသင်းမှာMNLထိပ်သီးသုံးသင်း

ကကစားသမားတွေလွှမ်းမိုးထားတာကိုတွေ့ရပါတယ်။

ဒီသုံးသင်းဟာဒီနှစ်ဘောလုံးရာသီမှာ

ချန်ပီယံဆုရဖို့ပြိုင်ဆိုင်နေကြတဲ့အသင်းတွေဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အများဆုံးပါဝင်နေတဲ့အသင်းသုံးသင်း

ကတော့ရှမ်းယူနိုက်တက်၊ရန်ကုန်ယူနိုက်တက်နဲ့ရတနာပုံFC

တို့ပဲဖြစ်ပါတယ်။

မြန်မာအသင်းရဲ့အဓိကဂိုးသမား

သီဟစည်သူဟာရှမ်းအသင်းကဖြစ်ပြီး၊ကျန်တဲ့

ဂိုးသမားနှစ်ယောက်ဖြစ်တဲ့ဆန်းဆက်နိုင်နဲ့ကျော်ဇင်ထက်

တို့ကရန်ကုန်ကပါ။နောက်တန်းမှာဆိုရင်လည်းဇော်မင်းထွန်း၊

ဒေးဗစ်ထန်ကရန်ကုန်၊ဝင်းမင်းထွဋ်၊ဟိန်းသီဟဇော်က

ရှမ်း၊သိန်းသန်းဝင်းကရတနာပုံ၊ကျော်ဇင်လွင်ကမကွေး၊သီဟထက်အောင်ကတော့

ချင်းယူနိုက်တက်ပါ။အလယ်တန်းမှာရန်အောင်ကျော်၊

ဆန်းဆက်နိုင်ကရန်ကုန်၊တင်ဝင်းအောင်၊ရန်နိုင်ဦးကရှမ်း၊

ရတနာပုံကလှိုင်းဘိုဘို၊သက်နိုင်နဲ့မင်းမင်းသူကတော့

ဧရာဝတီယူနိုက်တက်ကပါ။

ရှေ့တန်းလေးယောက်မှာသန်းပိုင်ကချင်းယူနိုက်တက်၊

ကျော်ကိုကိုရန်ကုန်၊ဇင်မင်းထွန်းကရှမ်းနဲ့အောင်သူ

ကတော့ရတနာပုံကပါ။MNLထိပ်သီးကလပ်တွေက

ကစားသမားအများစုလို့သတ်မှတ်လို့ရပြီး

ကျန်တဲ့ကလပ်တွေကကစားသမား

ပါဝင်မှုရာခိုင်နှုန်းကတော့နည်းနေသေးတယ်လို့သတ်

မှတ်လို့ရပါတယ်။လာမယ့်စက်တင်ဘာ

9ရက်နေ့မှာသုံးလကြာရပ်နားထားတဲ့MNLပွဲတွေ

ပြန်လည်စတင်တော့မှာဖြစ်ပြီးဒီကစားသမား

တွေကိုနိုင်ငံအသင်းပွဲတွေမှာအားပေးခဲ့သလိုကလပ်ပွဲတွေမှာလည်းလိုက်လံအားပေးကြပါဦးလို့..

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။