ကာဂျစ်စတန်နဲ့ပြန်အတွေ့မပါဝင်ကြသူနှစ်ယောက်

မြန်မာ့လက်ရွေးစင်အသင်းကြီးဟာကာဂျစ်အသင်းနဲ့

အာရှဖလားခြေစစ်ပွဲကျင်းပဖို့ရှိနေပါတယ်။

ကာဂျစ်စတန်နိုင်ငံဘီရှက်မြို့မှာကျင်းပဖို့

စီစဉ်ခဲ့ပေမယ့်မယ့်လည်းပွဲဖျက်ခဲ့ရလို့

ကြားကွင်းမှာကျင်းပဖို့ပြင်ဆင်နေပြီး

အတည်မပြုသေးပေမယ့်ဘန်ကောက်မှာကျင်းပမယ်

ဆိုပြီးသတင်းတွေထွက်နေပါတယ်။ကုန်ကျစရိတ်ကိုလည်း

ကာဂျစ်ဘောလုံးအဖွဲ့ချုပ်ကကျခံသွားမယ်လို့သိရပါတယ်။

မြန်မာအသင်းဟာကာဂျစ်နဲ့အရင်တုန်းကလည်း

မော်လဒိုက်မှာAFC Challenge Cup ပြိုင်ပွဲမှာ

ရင်ဆိုင်ခဲ့ဖူးပြီးတစ်ဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းကလည်းကျော်ကိုကို၊မင်းမင်းသူ၊

ဒေးဗစ်ထန်၊သီဟစည်သူစတဲ့ကစားသမားတွေ

ပါဝင်ခဲ့ပါတယ်။သူတို့နဲ့အတူအဲ့ဒီအချိန်တုန်းက

လူငယ်ကွင်းလယ်ကစားသမားနှစ်ဦးပါဝင်ခဲ့ပါသေးတယ်။

သူတို့နှစ်ယောက်ကတော့အောင်သူတို့မျိုးဆက်က

ကျော်မင်းဦးနဲ့ငြိမ်းချမ်းအောင်ပါ။ရန်ကုန်ကွင်းလယ်လူ

နှစ်ယောက်ဟာဒဏ်ရာတွေနဲ့ရုန်းကန်နေရပြီး

နှစ်ယောက်စလုံးနိုင်ငံ့လက်ရွေးစင်ပွဲတွေနဲ့ဝေးနေတာကြာပြီလို့

ပြောလို့ရပါတယ်။ငြိမ်းချမ်းအောင်ရော

ကျော်မင်းဦးပါမကစားနိုင်တာဟာ

မြန်မာအသင်းအတွက်အရမ်းနှမျောစရာ

ကောင်းနေပါတော့တယ်။သူတို့နှစ်ယောက်

ကာဂျစ်နဲ့ပွဲမှာမပါဝင်နိုင်ပေမယ့်လည်း

သူငယ်ချင်းတွေဖြစ်တဲ့အောင်သူ၊သန်းပိုင်တို့ကို

အဝေးတစ်နေရာကနေအားပေးနေမယ်ဆိုတာ

သေချာပါတယ်။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။